Website ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း အသိပေးအကြောင်းကြားခြင်း
Thu , Jun 01 2023 - 06 amတိုင်းရင်းဆေးပညာဦးစီးဌာန၏ website : www.dtm.gov.mm ကို ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်နေပါသဖြင့် (၃၁-၅-၂၀၂၃)ရက်နေ့မှ (၅-၆-၂၀၂၃)ရက်နေ့များအတွင်း Website သည် ရံဖန်ရံခါ ဝင်ရောက်ကြည့်ရှု၍မရခြင်း၊ e-Services ဝန်ဆောင်မှု လုပ်ငန်းများ အတွက် Webpage ပေါ်သို့ လျှောက်လွှာတင်မရခြင်းများ ဖြစ်ပေါ်နိုင်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်-
၂၀၂၃ ခုနှစ်၊ မေလ ၂၆ ရက် နေ့လယ် (၂:၀၀)နာရီတွင် တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ပညာ ပေးရေး အစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီမှ အလုပ်အမှုဆောင် အဖွဲ့ဝင် ဆရာကြီး ဦးဝင်းမြင့်ဦးက ဆောင်ရွက်ကာ အခမ်းအနားမှူးများအဖြစ် ခုတင်(၁၀၀)ဆံ့တိုင်း ရင်းဆေးရုံ၊ နေပြည်တော်မှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းမိုး နှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးအေးအောင်တို့က ဆောင်ရွက်ခဲ့ပါသည်။
၂၀၂၃ ခုနှစ် မေလ ၂၅ ရက် မနက် ၁၀:၀၀ နာရီတွင် ခုတင်၅၀ဆံ့ ဘားအံတိုင်းရင်းဆေးရုံ၌ CTME တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေး အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် သဘာပတိအဖြစ် ကရင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဒုတိယ ပြည်နယ်ဦးစီးဌာနမှူး (အငြိမ်းစား) ဆရာကြီးဦးသန်းထွတ် နှင့် အခမ်းအနားမှူးအဖြစ် ခုတင်၅၀ဆံ့ ဘားအံတိုင်းရင်းဆေးရုံမှ သူနာပြု- ၃ ဒေါ်နန်းနွယ်လွင်မှ ဆောင်ရွက်ခဲ့ပါသည်။
၂၀၂၃ ခုနှစ်၊ မေလ ၂၇ ရက် နေ့လယ် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို (၁၆)ခုတင်ဆံ့ ထားဝယ်တိုင်းရင်းဆေးရုံ ကျင်းပခဲ့ပါသည်။
အဆိုပါ သဘာပတိအဖြစ် တနင်္သာရီတိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးဌာနမှူး-(ငြိမ်း) ဆရာကြီး ဦးမြင့်သိန်းလွင် မှ ဆောင်ရွက်ပေးခဲ့ပါသည်။ သွေးဆုံးမီးယပ်ရောဂါစာတမ်းကို ထားဝယ်ခရိုင် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ပွင့်ဖြူဖြူသော်မှ ဖတ်ကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ စုစုပေါင်း (၃၀)ဦး တက်ရောက်ကြပြီး တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်း အကြံပြု ဆွေးနွေးခဲ့ကြပါသည်။
၂၀၂၃ ခုနှစ်၊ မေလ ၂၅ရက် နေ့လယ် (၂ : ၀၀)နာရီတွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေး အစီအစဉ် Continuing Traditional Medicine Education (CTME) Programme အခမ်းအနားကိုကျင်းပ ပြုလုပ်ခဲ့ပါသည်။