၁။ အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးမှ အကြောင်းကြား လာသည့် 6th Call of India Science and Research Fellowship(ISRP) Programme ပညာသင် ဆုသို့ အရည်အချင်းပြည့်မီသော လုပ်ငန်းတာဝန်နှင့် ကိုက်ညီသည့် ဝန်ထမ်းများ ယှဉ်ပြိုင်လျှောက် ထားနိုင်ပါကြောင်း၊ လျှောက်ထားလိုသူများသည် သက်ဆိုင်ရာ Website www.ccstds.tn.nic.in နှင့် www.dst.gov.in တွင် (၂၈-၂-၂၀၂၀)ရက်နေ့ နောက်ဆုံးထား၍ ယှဉ်ပြိုင်လျှောက်ထားနိုင်ပါ ကြောင်း ရည်ညွှန်းစာဖြင့် အကြောင်းကြားလာပါသည်။
၁။ အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ပညာ သင်ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီ China Scholarship Council-CSC 2020-2021 ပညာသင်နှစ် အတွက် အောက်ဖော်ပြပါပညာသင်ဆုများသို့ အရည်အချင်းပြည့်မီသော လုပ်ငန်းတာဝန်နှင့် ကိုက်ညီသည့် ဝန်ထမ်းများ ယှဉ်ပြိုင်လျှောက်ထားနိုင်ပါကြောင်း၊ လျှောက်ထားလိုသူများသည် သက်ဆိုင်ရာ Website တွင် (၂၉-၂-၂၀၂၀)ရက်နေ့ နောက်ဆုံးထား၍ ယှဉ်ပြိုင်လျှောက်ထားနိုင်ပါ ကြောင်း ရည်ညွှန်းစာဖြင့် အကြောင်းကြားလာပါသည်။
အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ နော်ဝေနိုင်ငံ၊ University of Olso တွင် ဖွင့်လှစ်မည့် ၂၀၂၀ပညာသင်နှစ်အတွက် International Summer School Course in International Community Health သင်တန်းသို့ သင်တန်းသား(၂)ဦး ရွေးချယ်စေလွှတ်နိုင်ရန် သင်တန်းသားများ၏ အမည်စာရင်းအား ရည်ညွှန်းစာဖြင့် တောင်းခံလာပါသည်။
ဂျီနီဗာတက္ကသိုလ်နှင့် ဂျီနီဗာမြို့အခြေစိုက် ကုလသမဂ္ဂရုံးတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် အောက်ဖော်ပြပါပညာသင်ဆုများသို့ အရည်အချင်း ပြည့်မီသူဝန်ထမ်းများ သက်ဆိုင်ရာ Website နှင့် ဆက်သွယ်၍ ယှဉ်ပြိုင်လျှောက်ထားနိုင်ပါကြောင်း ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ရည်ညွှန်းစာဖြင့် အကြောင်းကြားလာပါသည်။
China Scholarship Council CSC မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အရည်အချင်းပြည့်မီသူများ လျှောက်ထားနိုင်ကြောင်း အကြောင်းကြားခြင်း