the republic of the union of myanmar

ministry of health

Department of Traditional Medicine

Speeches

ရက်စွဲ။     ၂၉-၁၂-၂၀၁၈

        လေးစားအပ်ပါသော ဂုဏ်သရေရှိလူကြီးမင်းများနဲ့ ခန်းမဝင်ပုဂ္ဂိုလ်များ အားလုံး မင်္ဂလာပါ ခင်ဗျာ။ မြန်မာ့တိုင်းရင်းဆေးသမား တော်များ ညီလာခံနှင့်နှီးနှောဖလှယ်ပွဲကို မြန်မာ့တိုင်းရင်းဆေးလောကသားတွေအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကျင်းပခဲ့တာ အခုဆိုရင် (၁၉)ကြိမ် တိုင်အောင်ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒီအချိန်မှာအားလုံးကလည်း ကျွန်တော်နဲ့အတူ ပျော်ရွှင်ကြည်နူး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြလိမ့်မယ်လို့ လည်း ယုံကြည်မိပါတယ်ခင်ဗျာ။

ဆက်လက်ဖတ်ရှုပါ

(၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းရင်းဆေးသမားတော်ကြီးများ၊ ညီလာခံ ကိုယ်စားလှယ်တော်ကြီးများ၊ နှီးနွယ်ပညာရှင်များ၊ ယနေ့နှီးနှောပွဲတွင် ပါဝင်ဆွေးနွေးပေးကြမည့် သက်ဆိုင်ရာပညာရှင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များအားလုံးမင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော ညီလာခံအခါသမယတွင် စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏  ကျန်းမာခြင်းများနှင့် ပြည့်စုံကြ ပါစေ……။ဒီကနေ့ နှီးနှောဖလှယ်ပွဲအခမ်းအနားတွင် သဘာပတိအဖြစ် ဆောင်ရွက်ခွင့် ရရှိတဲ့အတွက် လည်း ကျေးဇူးတင်ဝမ်းမြောက်မိပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနှစ်ညီလာခံနဲ့ နှီးနှောဖလှယ်ပွဲမှ တဆင့် ပြည်သူလူထု၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အမှန်တကယ်ဆောင်ရွက်ရမည့် ဆောင်ရွက်ချက်များနဲ့ ပိုမိုကောင်းမွန်အသာအရည်အသွေးများပေါ်ပေါက်လာအောင် ကြိုးစားလုပ်ဆောင် သွားကြ ရပါမယ်။

ဆက်လက်ဖတ်ရှုပါ

နေပြည်တော် ၂၀၁၈ ဒီဇင်ဘာလ ၂၈

(၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံသို့ တက်ရောက်လာကြသော ညီလာခံကိုယ်စားလှယ်တော်ကြီးများနှင့် ဧည့်သည် တော်ကြီးများအားလုံး၊ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်း ဟူသော ကာယ၊ စိတ္တသုခနှစ်ဖြာပြည့်စုံပါစေကြောင်း ပထမဦးစွာ ဆုတောင်း မေတ္တာ ပို့သရင်း မင်္ဂလာနံနက်ခင်းပါလို့နှုတ်ခွန်းဆက်သပါတယ်။

ဆက်လက်ဖတ်ရှုပါ

အားလုံးပဲမင်္ဂလာပါ

            အမျိုးသားယဉ်ကျေးမှုအမွေအနှစ် ဂုဏ်ဒြပ်တစ်ရပ်ဖြစ်သည့် မြန်မာ့ တိုင်းရင်းဆေးပညာတိုးတက် မြင့်မားရေးအတွက် မွန်မြတ်သော ရည်ရွယ်ချက် များဖြင့် နှစ်စဉ်မပျက်ကျင်းပလျက်ရှိသော မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံကိုအစဉ်အလာကောင်းများနှင့်အညီ (၁၉) ကြိမ်မြောက် အောင်မြင်စွာ ကျင်းပနိုင်ခြင်း အတွက် ဂုဏ်ပြုကြိုဆိုပါကြောင်း ဦးစွာပထမဖော်ပြလိုပါသည်။ ဤသို့သော ကောင်းမြတ်သည့် မင်္ဂလာအခါသမယတွင် တိုင်းရင်းဆေးသမား တော်ကြီးများ ကိုယ်စိတ် နှစ်ပါးကြည်လင်ချမ်းမြေ့ကြပါစေကြောင်း ဆုမွန် ကောင်တောင်း အပ်ပါသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း
အစာလည်းဆေး၊ ဆေးလည်းအစာ ဖလံတောင်ဝှေးပင်အကြောင်း သိကောင်းစရာ