the republic of the union of myanmar

ministry of health

Department of Traditional Medicine

(၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များနှီးနှောဖလှယ်ပွဲဖွင့်ပွဲအခမ်းအနားတွင်ပြောကြားခဲ့သည့် တိုင်းရင်းဆေးပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၏အဖွင့်အမှာစကား

ရက်စွဲ - ၂၉- ၁၂- ၂၀၁၈

(၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းရင်းဆေးသမားတော်ကြီးများ၊ ညီလာခံ ကိုယ်စားလှယ်တော်ကြီးများ၊ နှီးနွယ်ပညာရှင်များ၊ ယနေ့နှီးနှောပွဲတွင် ပါဝင်ဆွေးနွေးပေးကြမည့် သက်ဆိုင်ရာပညာရှင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များအားလုံးမင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော ညီလာခံအခါသမယတွင် စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏  ကျန်းမာခြင်းများနှင့် ပြည့်စုံကြ ပါစေ……။ဒီကနေ့ နှီးနှောဖလှယ်ပွဲအခမ်းအနားတွင် သဘာပတိအဖြစ် ဆောင်ရွက်ခွင့် ရရှိတဲ့အတွက် လည်း ကျေးဇူးတင်ဝမ်းမြောက်မိပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနှစ်ညီလာခံနဲ့ နှီးနှောဖလှယ်ပွဲမှတဆင့် ပြည်သူလူထု၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အမှန်တကယ်ဆောင်ရွက်ရမည့် ဆောင်ရွက်ချက်များနဲ့ ပိုမိုကောင်းမွန်အသာအရည်အသွေးများပေါ်ပေါက်လာအောင် ကြိုးစားလုပ်ဆောင် သွားကြ ရပါမယ်။

တိုင်းရင်းဆေးပညာရှင်အားလုံးဒီထက်မကတိုးတက်ဖို့၊ အောင်မြင်ဖို့၊မျက်စိဖွင့်/ နားစွင့်ကာ အမြင်ကျယ်ကျယ် သဘောထားကြီးကြီးထားပြီးတိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ကြရမှာ ဖြစ်ပါတယ်။ ဒါမှအားလုံးမြတ်နိုးတန်ဖိုးထားတဲ့ တိုင်းရင်းဆေးပညာရပ်နဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွေမှာပိုမိုစနစ်တကျပါဝင်ဆောင်ရွက်နိုင်ကြမှာဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်နိုင်ကြဖို့ဆိုရင် တိုင်းရင်းဆေးပညာရှင်တွေအားလုံးစည်းစည်းလုံးလုံးနဲ့ ပိုမို ကြိုးစား အားထုတ်ကြရမှာဖြစ်ပါတယ်။ကျွန်တော့်အနေနဲ့ တိုင်းရင်းဆေးပညာဦးစီးဌာနကို ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခွင့် ရရှိလာခဲ့ပါတယ်။ ဒီလိုမျိုးယုံကြည်စွာအပ်နှံပေးတဲ့ တာဝန်ရှိလူကြီးမင်းများအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါကြောင်းပြောကြားပါရစေ။ဒါ့အပြင် နိုင်ငံတော်ရဲ့အား ပေးကူညီမှုနဲ့ အတူပြည်သူလူထုကလည်းတိုင်းရင်းဆေးကိုယုံကြည်အားကိုးနေတဲ့အနေအထားမှာအမှန်တကယ်ဝိုင်းဝန်းကြိုးစားကြဖို့လိုပါတယ်။ နိုင်ငံတော်သမ္မတကြီးကပေးပို့လာတဲ့ သဝဏ်လွှာ၊ ဒုတိယသမ္မတ (၁)နှင့် ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန်မှာကြားချက်တွေကိုလည်းအကောင်အထည်ဖော် လိုက်နာဆောင်ရွက်ကြရမှာဖြစ်ပါ တယ်။

 

 

ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း
အစာလည်းဆေး၊ ဆေးလည်းအစာ ဖလံတောင်ဝှေးပင်အကြောင်း သိကောင်းစရာ