the republic of the union of myanmar

ministry of health

Department of Traditional Medicine

News

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် အိန္ဒိယနိုင်ငံ၊ အာယုဝန်ကြီးဌာန (Ministry of Ayush) တိုအကြား တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်၍  ၂၀၂၆ ခုနှစ်၊ မေလ (၁၄) ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန (အစည်းအဝေးခန်းမ) ၌ တိုင်းရင်းဆေးဝါးကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပထမအကြိမ်ပူးတွဲလုပ်ငန်းအဖွဲ အစည်းအဝေး (The First Joint Working Group –JWG Meeting) ကို တိုင်းရင်းဆေးပညာဦးစီးဌာနက အိမ်ရှင်နိုင်ငံအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါ

၂၀၂၆ ခုနှစ်၊ မေလ(၄) ရက်၊ တနင်္လာနေ့(၁၅:၃၀)နာရီအချိန်တွင် ရုံးအမှတ်(၄-ဂ)ရှိ ကျန်းမာရေး ဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာထွန်းမင်းသည် ဦးစီးဌာနရှိ အရာထမ်းများနှင့် တွေ့ဆုံရာ 

ဆက်လက်ဖတ်ရှုပါ

     (၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီး‌နှောဖလှယ်ပွဲကို နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ တွင် ဆက်လက်ကျင်းပလျက်ရှိရာ မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို ဒီဇင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုပါ

     (၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေး ပညာနှီးနှောဖလှယ်ပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ တွင် ကျင်းပလျက်ရှိရာ မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကို (၁၆-၁၂-၂၀၂၅) ရက်နေ့နံနက်ပိုင်းတွင် ကျင်းပသည်။

     အစီအစဉ်အရ ညီလာခံသဘာပတိအဖြစ် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း က ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ မြန်မာနိုင်ငံတိုင်းရင်း ဆေးကောင်စီ နာယက ဦးမြင့်လွင်၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဦးမိတ်၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ အဖွဲ့ဝင် ဦးပေါညိမ်း တို့က ဆောင်ရွက်ကြသည်။ 

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မန်ကျည်းဖျော်ရည်သောက်သုံးခြင်းဖြင့် ဝမ်းချုပ်ခြင်းကိုကာကွယ်ခြင်း
ဆေးစွမ်းများမြောင်အကြောပေါင်းတစ်ထောင်
အိမ်ရှင်မများအတွက် မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်ဖြစ်သော အစာလည်းဆေး၊ဆေးလည်းအစာ စောင်းလျားသီးအကြောင်း သိကောင်းစရာ
အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ