the republic of the union of myanmar

ministry of health

Department of Traditional Medicine

မကွေးတိုင်းဒေသကြီး၊ ခုတင် (၅၀)ဆံ့ တိုင်းရင်းဆေးရုံ၌ “ခါးနာရောဂါ” ခေါင်းစဉ်ဖြင့် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် (CTME) အခမ်းအနား ကျင်းပခြင်း

အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီး ဦးစီးဌာနမှူး ဆရာမကြီး ဒေါ်နီနီရှိန်မှ ဆောင်ရွက်၍ အခမ်းအနား မှူးများအဖြစ် ခုတင် (၅၀)ဆံ့ တိုင်းရင်းဆေးရုံမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်စန္ဒာဝင်းနှင့် လက်ထောက် တိုင်းရင်းဆေးမှူး ဒေါ်အိအိမွန်တို့မှ ဆောင်ရွက်ပြီး ခုတင် (၅၀)ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယ တိုင်းရင်းဆေးမှူး ဒေါ်စောပြည့်မွန်မှ “ခါးနာရောဂါ” စာတမ်းအား ဖတ်ကြားတင်ပြဆွေးနွေးခဲ့ ပါသည်။

အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှူး ရုံးမှ တိုင်းဒေသကြီး ဦးစီးဌာနမှူး၊ ဒုတိယ တိုင်းဒေသကြီး ဦးစီးဌာနမှူးနှင့် ဦးစီးအရာရှိ တိုင်းရင်းဆေးမှူးများ၊ တိုင်းရင်းဆေးရုံများ (မကွေး၊ပခုက္ကူ၊ရေနံချောင်း) ခရိုင်တိုင်းရင်း ဆေးကုဌာနများ (မကွေး၊ပခုက္ကူ၊မင်းဘူး၊သရက်)၊ မြို့နယ်တိုင်းရင်းဆေးကုဌာနများ၊ တိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်းတို့မှ ဆရာ၊ ဆရာမများနှင့် တိုင်းရင်းဆေးပညာ စိတ်ပါဝင်စားသူများ စုစုပေါင်း (၅၀)ဦးတက်ရောက်ပြီး စာတမ်းနှင့် ပတ်သက်၍ သိလိုသည် များကို မေးမြန်းဆွေးနွေးဖြေကြားပြီး အခမ်းအနားကို နံနက် (၁၁:၀၀)နာရီတွင် ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ
ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ