၁။ တိုင်းရင်းဆေးပညာဦးစီးဌာနသည် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အရည် အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်း ဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျစစ်ဆေးလျက်ရှိပါသည်။
၂။ အာဆီယံဒေသတွင်းနိုင်ငံများ၏ Post – Marketing Alert System (PMAS) Report အစီ အစဉ်အရ အာဆီယံဒေသတွင်း တွေ့ရှိရသော အောက်ဖော်ပြပါ တိုင်းရင်းဆေးဝါး(၁၈၅)မျိုးနှင့် ကျန်းမာရေးဖြည့်စွက်စာ(၄)မျိုးတို့တွင် Labelling မကိုက်ညီကြောင်း၊ အနောက်တိုင်းဆေးများ ရောနှောပါဝင်နေခြင်းတို့ကို တွေ့ရှိရကြောင်း၊ မှတ်ပုံတင်ထားခြင်း မရှိကြောင်း၊ Action အနေဖြင့် Product recall ဆောင်ရွက်ထားကြောင်း၊ ပစ္စည်းများ သိမ်းဆည်းခြင်းနှင့် တရားစွဲဆိုခြင်းတို့ ဆောင်ရွက်ထားကြောင်း ပေးပို့လာပါသဖြင့် အများပြည်သူ သုံးစွဲရန် မသင့်လျော်ကြောင်း အသိပေး အပ်ပါသည်။