the republic of the union of myanmar

ministry of health

Department of Traditional Medicine

Let's make our workplace ergonomically correct!!

News

မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကို(၂၀၀၀)ပြည့်နှစ်ကစတင်ပြီး နိုင်ငံတော် အဆင့် နှစ်စဉ်မပျက် အောင်မြင်စွာကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင်(၂၄)ကြိမ်မြောက်ကျင်းပနိုင်တော့မည် ဖြစ်ပါသည်။ ယခုကဲ့သို့ အောင်မြင်စွာကျင်းပနိုင်ခြင်းသည် နိုင်ငံတော်အစိုးရ၏ အားပေးချီးမြောက်မှု နှင့်အတူ တိုင်းရင်းဆေးသမားတော်ကြီးများအားလုံး၏ စည်းလုံးညီညွတ်စွာပူးပေါင်းပါဝင်ဆောင်ရွက် မှုများကြောင့်လည်းဖြစ်ပါသည်။ ယခုအခါပြည်သူလူထု၏ ကျန်းမာရေးကို တိုင်းရင်းဆေးပညာဖြင့် အထောက်အကူပြုနိုင်ရန်အလွှာစုံမှ ပညာရှင်များပါဝင်သော (၂၄)ကြိမ်မြောက်မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို

ဆက်လက်ဖတ်ရှုပါ

           တိုင်းရင်းဆေးပညာအမြင်အရ ရာသီဥတုသဘောသဘာဝနှင့် ရာသီဥတုအလိုက် ဖြစ်ပေါ် ကျရောက်တတ်သောရောဂါများကို ကြိုတင်ကာကွယ်နိုင်ရန်အချက်များ၊ လိုက်နာနိုင်ရန်အချက်များ နှင့် ရှောင်ကြဉ်နိုင်ရန် အချက်များကို ပြည်သူလူထုသိရှိနိုင်ရန် ရည်ရွယ်၍ တိုင်းရင်းဆေးပညာဖြင့် ဥတုရာသီအလိုက် ကျန်းမာရေးစောင့်ရှောက်ခြင်း အားရေးသားဖော်ပြ လိုက်ပါသည်။  တိုင်းရင်းဆေး ပညာအရ ဆောင်းဥတု၏ ကာလအပိုင်းအခြားမှာ တန်ဆောင်မုန်း လပြည့်ကျော် (၁) ရက်နေ့မှ  တပေါင်းလပြည့်နေ့အထိ(၄)လသည် ဆောင်းဥတုဟု ဆေးကျမ်းများတွင် ခေါ်ဆိုပိုင်းခြား ထားပါသည်။

ဆက်လက်ဖတ်ရှုပါ

*ဒေါက်တာစုစုဒွေး၊ ဆွေဆွေ၊ ရီရီစန်း၊ နေနေနိုင်ရီ

တိုင်းရင်းဆေးပညာဦးစီးဌာန

ကမ္ဘာနိုင်ငံအသီးသီးတွင် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် လုပ်ငန်းများ အနက် ပဏာမကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းလည်းပါဝင်ပါသည်။ ၎င်းအခန်းကကို သက်ဆိုင်ရာနိုင်ငံတို့၏ ကျန်းမာရေးဆိုင်ရာတာဝန်ရှိပညာရှင်တို့က အလေးအနက်ပြု၍ အကောင် အထည်ဖော် ဆောင်ရွက်နေကြပါသည်။

ဆက်လက်ဖတ်ရှုပါ

တပေါင်းလပြည့် မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ကို ဂုဏ်ပြုကြိုဆိုပါသည်-

ဒေါက်တာစုစုဒွေး

ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း