ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူ အများယုံကြည်အားထားသည့် တိုင်းရင်းဆေးပညာ ဘက်စုံမြင့်မား တိုးတက်စေရေး အတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးဝန်ကြီးဌာနသည် တိုင်းရင်းဆေးပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဘက်ပေါင်းစုံ အရှိန်အဟုန်မြှင့် ကြိုးစား ဆောင်ရွက်လျက်ရှိပါသည်။ တိုင်းရင်းဆေးပညာသည် ပြည်သူလူထု၏ ကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်ရန် ခေတ်အဆက်ဆက်လက်ဆင့်ကမ်းခဲ့သော မြန်မာ့ယဉ်ကျေးမှု အမွေ အနှစ် အမျိုးသားရေးဆေးပညာ တစ်ရပ်ဖြစ်ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။