the republic of the union of myanmar

ministry of health

Department of Traditional Medicine

e.Government ဆိုင်ရာလုပ်ငန်းဆောင်ရွက်မှု

 

တိုင်းရင်းဆေးပညာဦးစီးဌာန၏ e-Government ဆိုင်ရာ လုပ်ငန်းများ တိုးတက်ဆောင်ရွက်မှုအခြေအနေ (၆/၂၀၂၂) ရက်နေ့အထိ

- တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရုံးအမှတ်(၄၇) တွင် Fiber Line (40 Mbps)ရရှိ သုံးစွဲနေပြီးဖြစ်ပါသည်။​

 

- တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်) တစ်ခုလုံး၏ Network အား LAN အနေဖြင့် (Switch, Firewall, PC, Laptop) wifi များဖြင့် ချိတ်ဆက်အသုံးပြုနေပြီး ဖြစ်ပါသည်။

 

- ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်၍ Domain Name အမည် https://www.dtm.gov.mm ဖြင့် website တစ်ခုလွှင့်တင်တည်ထောင်ထားရှိပြီးဖြစ်ပြီး ဌာန၏ Official Email: dtm@mohs.gov.mm / dtm.eservices@mohs.gov.mm  တို့ အသုံးပြု၍ လုပ်ငန်းများဆောင်ရွက်နေပြီဖြစ်ပါသည်။

 

- တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် တိုင်းရင်းဆေးတက္ကသိုလ်၊ တိုင်း‌ဒေသကြီး/ပြည်နယ်အသီးသီးရှိ တိုင်းဒေသကြီးဦးစီးဌာနမှူးရုံး/ ပြည်နယ်ဦးစီးဌာနမှူးရုံးများ၊ ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံ၊  (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်)၊ တိုင်းရင်းဆေးဝါးစက်ရုံ(ရန်ကုန်၊ မန္တလေး) တို့နှင့် Official email များအသုံးပြု၍ အပြန်အလှန် ဆက်သွယ် ဆောင်ရွက်နေပြီဖြစ်ပါသည်။

 

e-Services လုပ်ငန်း

- တိုင်းရင်းဆေးဝါးမှတ်ပုံတင်သက်တမ်းတိုးခြင်းလုပ်ငန်းနှင့် တိုင်းရင်းဆေးဝါးကြော်ငြာဆိုင်ရာကိစ္စရပ်များကို (၂၀-၂-၂၀၂၀) ရက်နေ့မှစတင်၍ Online Registration စနစ်ဖြင့် လုပ်ငန်းများအား  စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ 

 

- တိုင်းရင်းဆေးဝါးမှတ်ပုံတင်သက်တမ်းတိုးခြင်းလုပ်ငန်းအတွက် သက်တမ်းလွန်ကြေးပေးဆောင်ရမည့်သူများအနေဖြင့်လည်း e-services မှ တစ်ဆင့် သက်တမ်းလွန်ကြေးများ ပေးဆောင်နိုင်ပြီ ဖြစ်ပါသည်။ 

 

 

တိုင်းရင်းဆေးတက္ကသိုလ်

-တိုင်းရင်းဆေးတက္ကသိုလ်တွင် Domain အမည် https://www.utm.edu.mm ဖြင့် website တစ်ခုထူထောင်ထားရှိပြီး ဖြစ်ပါသည်။ 

 

- တိုင်းရင်းဆေးတက္ကသိုလ်တွင် Fiber Internet line Speed (20 Mbps)ဖြင့် သုံးစွဲနေပြီ ဖြစ်ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း
အစာလည်းဆေး၊ ဆေးလည်းအစာ ဖလံတောင်ဝှေးပင်အကြောင်း သိကောင်းစရာ