(၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ မှ ဇွန် လ အထိ)
၁။ အိန္ဒိယနိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှ (၂၃) ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့သည့် “International Conference on Medicinal Plants Research and Tribal Health Medicine (Herbal Meet-2024) (ONLINE) သို့ ညွှန်ကြားရေးမှူး ဆေးဝါး/ဥယျာဉ်)မှ Invited Speaker အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ နွန်သဘူရီတွင် ကျင်းပသည့် တိုင်းရင်းဆေးပညာဆိုင်ရာ BIMSTEC အဖွဲ့ဝင်နိုင်ငံများ၏ ပဉ္စမအကြိမ်မြောက် အစည်းအဝေး (The Fifth Meeting of the BIMSTEC Task Force on Traditional Medicine (BTFTM)) နှင့် BIMSTEC အဖွဲ့ဝင်နိုင်ငံများ၏ တိုင်းရင်းဆေးပညာရပ်နည်းစနစ်များနှင့် ပတ်သက်၍ အကောင်းဆုံးအလေ့အကျင့်ဆိုင်ရာ စာတမ်းဖတ်ပွဲ (The Symposium on Best Practice in Traditional Medicine Systems of BIMSTEC Member States) သို့ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေး ပညာဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဉီးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက် ခဲ့ပါသည်။ အစည်းအဝေးသို့ BIMSTEC အဖွဲ့ဝင်နိုင်ငံ များ ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ မြန်မာ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့ မှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြပါသည်။
ASEAN Task Force on Traditional Medicine (ATFTM) အစီအစဉ်ဖြင့် ထိုင်းနိုင်ငံရှိ Department for Development of Thai Traditional and Alternative Medicine နှင့် ပူးပေါင်း၍ “Traditional and Complementary Medicine for Primary Health Care in ASEAN”စာအုပ်ပြုစုထုတ်ဝေခြင်းနှင့် “Traditional Medicine Self-Care in ASEAN” စာအုပ်ထပ်မံထုတ်ဝေရန်စီစဉ်ဆောင်ရွက်ခြင်း။
မြန်မာ့တိုင်းရင်းဆေး၏ အရည်အသွေးနှင့် ဆေးဝါးထုတ်လုပ်မှု အဆင့်အတန်း မြင့်မားမှု ကို အထောက်အကူပြုစေရန်။
Guidelines on Safety & Efficacy Data Requirements
Guidelines for Stability & Shelf-life