the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဦးစီးဌာန (နဆရ) ၏ နိုင်ငံခြားဆက်သွယ်ရေးကိစ္စရပ်များ

၁။  ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနက ကြီးမှူး၍ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့မှ (၂၂) ရက်နေ့အထိ နေပြည်တော် (MICC-2)၌ ကျင်းပပြုလုပ်ခဲ့သည့် “23rd Myanmar Traditional Medicine Practitioners’ Conference and Traditional Medicine Seminar” သို့ Invited Speaker များအဖြစ် အိန္ဒိယနိုင်ငံ၊ Ministry of Ayush, Government of India, Institute of Teaching and Research in Ayurveda မှ Dr Neha Tank Modha (MD PhD )နှင့် ထိုင်းနိုင်ငံ ၊ Department of Thai Traditional and Alternative Medicine, Institute of Thai Traditional Medicine မှ Dr Bussaraporn Thanasilungkoon (Public Health Technical Officer, Senior Professional Level) တို့ တက်ရောက်ဆွေးနွေးဟောပြောခဲ့ပါသည်။

၂။  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့မှ (၂၉) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် “2024 China-ASEAN Workshop on Traditional Medicine Patent Examination” သို့ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန ဆေးဝါးနှင့်ဥယျာဉ်ဌာနခွဲမှ ညွှန်ကြားရေးမှူး တက်ရောက်ဆွေးနွေးခဲ့ပါသည်။

၃။  မလေးရှားနိုင်ငံ၊ Selangor မြို့တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့မှ (၂၈) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် 10th International Conference on Traditional and Complementary Medicine (INTRACOM) 2024 သို့ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကုသရေးဌာနခွဲမှ ဦးစီးအရာရှိ  ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ