the republic of the union of myanmar

ministry of health

Department of Traditional Medicine

မြန်မာ့တိုင်းရင်းဆေးသမားတော်များနေ့(တပေါင်းလပြည့်နေ့) အား ဂုဏ်ပြု ကြိုဆိုသော အားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေးစောင့် ရှောက်မှု ပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း

မြန်မာ့တိုင်းရင်းဆေးသမားတော်များနေ့ (တပေါင်းလပြည့်နေ့)အား ဂုဏ်ပြု ကြိုဆိုသော အားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဦးတင်စိုးနှင့် ညောင်ဦးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်မိုးဝေ တို့သည် အလိုတော်ပြည့် ကျောင်းတိုက်သို့သွားရောက်၍  ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသမှုလုပ်ငန်းဆောင်ရွက်ခဲ့ရာ ကျား (၁၅)ဦး၊ မ(၃၅)ဦး၊  လူနာစုစုပေါင်း (၅၀)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့် ရှောက်မှုများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်ဖြစ်သော အစာလည်းဆေး၊ဆေးလည်းအစာ စောင်းလျားသီးအကြောင်း သိကောင်းစရာ
အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ
ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ