၁။တိုင်းရင်းဆေးပညာဦးစီးဌာနအောက်ရှိ ဆေးကုသဌာနများ၏ ကုသရေးလုပ်ငန်းများအား အကျိုးပြုနိုင်ရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီးအာနိသင်ထက်မြက်သော တိုင်းရင်းဆေးဝါးများ ပြည်သူများသုံးစွဲနိုင်ရန် အခမဲ့ ဖြန့်ဖြူးပေးခြင်းကိစ္စရပ်များ ဆောင်ရွက်ခြင်း။
၂။တိုင်းရင်းဆေးပညာဦးစီးဌာနအောက်ရှိ ဆေးကုသဌာနများ၏ ကုသရေးလုပ်ငန်းများအား အကျိုးပြုနိုင်ရေးနှင့် ပြည်သူများဘေးအန္တရာယ်ကင်းရှင်းပြီး အာနိသင်ထက်မြက်သော တိုင်းရင်းဆေးဝါးများသုံးစွဲနိုင်ရန် အရောင်းဆေးဝါးများကိုသင့်တင့်သောစျေးနှုန်းဖြင့် ဖြန့်ဖြူးပေးခြင်း ကိစ္စရပ်များဆောင်ရွက်ခြင်း။
၃။ပြည်သူလူထုအတွင်း ရန်ကုန်မြို့နှင့်မန္တလေးမြို့များတွင်ရှိသော တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံများမှ ပြည်သူလူထုအတွင်းဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် အရောင်းဆေးဝါးများအား ထုတ်လုပ်ခြင်း။
၄။တိုင်းရင်းဆေးရုံများနှင့် တိုင်းရင်းဆေးကုဌာနများအတွက် ဌာနသုံးတိုင်းရင်းဆေးဝါးများ လုံလောက်စွာရရှိနိုင်စေရန် ထုတ်လုပ်ခြင်း။
၅။တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံမှ ထုတ်လုပ်သောဆေးဝါးများ၏ အရည်အသွေး စစ်ဆေးတွေ့ရှိချက်မှတ်တမ်းများအား သက်ဆိုင်ရာတာ၀န်ရှိသူများက ပုံမှန်စစ်ဆေးခြင်း။
၆။တိုင်းရင်းဆေးကုဌာနများနှင့် တိုင်းရင်းဆေးရုံများတွင် လိုအပ်သောဆေးဝါးများ ပြည့်စုံလုံလောက်မှုရှိ/မရှိကိုလစဉ်စာရင်းဇယားများနှင့် စတိုရှိဆေးဝါးအရေအတွက်များ ပုံမှန်စစ်ဆေးခြင်း။
၇။ဆေးဝါးစက်ရုံ၏ထုတ်လုပ်မှု၊၀န်ဆောင်မှုကို လျာထားတွက်ချက်ထားသော ဆေးဝါးထုတ်လုပ်နိုင်မှုပမာဏတို့ကို့တိုက်ဆိုင်စစ်ဆေးကြီးကြပ်ပြီးအားနည်းချက်၊ အားသာချက်များကို ပြုပြင် ဆောင်ရွက်ခြင်း။
၈။မိမိဌာနခွဲနှင့် သက်ဆိုင်သောလုပ်ငန်းအစီရင်ခံစာများ၊ စာရင်းအင်းများကို တိကျမှန်ကန်စွာစာရင်းပြုစု၍ တောင်းခံသည့်ဌာနများသို့ သတ်မှတ်ချိန်အရောက်ပေးပို့ရန် ဆောင်ရွက်ကြီးကြပ်ခြင်း။