the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဘဏ္ဍာရေးဌာနစိတ်

 

၁၀။ ဘတ်ဂျက်စာရင်းရေးဆွဲရန် အခြေခံရမည့် အချက်များအတွက် ဌာနခွဲအသီးသီးသို့ စာရင်းများ တောင်းခံခြင်း။

 

၁၁။ ဘဏ္ဍာရေးနှစ်အလိုက် သာမန်ရငွေ/သုံးငွေ၊ ငွေလုံးငွေရင်းရငွေ/သုံးငွေများအား စိစစ် တွက်ချက်၍ တင်ပြတောင်းခံခြင်း။

 

၁၂။ မူလဘတ်ဂျက်ခွင့်ပြုငွေ (BE) တွင် မပါရှိဘဲ လုပ်ငန်းလိုအပ်ချက်အရ ဆောင်ရွက်ရ မည့် ကိစ္စများအား ဖြည့်စွက်ရန်ပုံငွေ (RE) တွင် တင်ပြတောင်းခံနိုင်ရေးစီစဉ် ဆောင်ရွက် ခြင်း။

 

၁၃။ ပိုလျှံငွေဖြစ်ပေါ်သည့် ငွေစာရင်းခေါင်းစဉ်မှ လိုငွေဖြစ်ပေါ်သည့် ငွေစာရင်း ခေါင်းစဉ်များ သို့ ရန်ပုံငွေလွှဲပြောင်း သုံးစွဲနိုင်ရေးကို စိစစ်ဆောင်ရွက်ခြင်း။

 

၁၄။ ဘတ်ဂျက်ခွင့်ပြုငွေတွင် ပါရှိသော်လည်း အသုံးပြုရန် မလိုသည့်ကိစ္စ၊ အသုံးပြုပြီး ဖြစ်သော်လည်း ထပ်မံပိုလျှံနေသည့်ကိစ္စ၊ ဖြည့်စွက်ခွင့်ပြုငွေမှ ပိုလျှံသည့်ကိစ္စ၊ ရန်ပုံငွေ လွှဲပြောင်းသုံးစွဲ၍ မရသည့်ကိစ္စများအား အထွေထွေရန်ပုံငွေသို့ ပြန်လည်အပ်နှံရေးကိစ္စ ဆောင်ရွက်ခြင်း။

 

၁၅။ ရရှိသည့် ဘတ်ဂျက်ခွင့်ပြုငွေများအနက် ဌာနခွဲအသီးသီးမှ တင်ပြတောင်းခံလာသည့် အသုံးစရိတ်များအား ဘဏ္ဍာရေးစည်းမျဉ်းနှင့်ကိုက်ညီမှု၊ နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေမှ ကျခံ၍ ရရှိမှု၊ ကျခံရမည့် ရန်ပုံငွေလုံလောက်မှုတို့အပေါ် စိစစ်၍ အထက်အဆင့်ဆင့်သို့ တင်ပြ ခွင့်ပြုချက် ရယူခြင်း။

 

၁၆။ ချက်လက်မှတ်ထုတ်ပေးပြီးသည့် အသုံးစရိတ်များအား သတ်မှတ်ကာလအတွင်း စာရင်း ရှင်းလင်းစေခြင်း၊ ပြေစာ/ ရှင်းတမ်းများဖြင့် ပြန်လည်တင်ပြစေခြင်း၊ လိုငွေများအား အချိန်မီ ထပ်မံတောင်းခံစေခြင်း၊ ပိုငွေများအား ချက်ခြင်း ပြန်လည်အပ်နှံစေခြင်းတို့ကို ဆောင်ရွက်ခြင်း။

 

၁၇။ အသုံးစရိတ်များ ဖောင်းပွမှု မဖြစ်စေရေး၊ ဘတ်ဂျက်ကျော်လွန်သုံးစွဲမှု မဖြစ်စေရေး၊ အလွဲသုံးစားမှုများ မဖြစ်စေရေးအတွက် အထူးကြပ်မတ်ဆောင်ရွက်ခြင်း။

 

၁၈။ ရငွေများနှင့်စပ်လျဉ်း၍ ဘတ်ဂျက်ခွင့်ပြုချက်ပါ ရငွေများ ခန့်မှန်း လျာထားသည့် အတိုင်း အပြည့်အဝရရှိရေး၊ အခွန်များအား အပြည့်အဝ ပေးသွင်းရေးကို ကြပ်မတ် ဆောင်ရွက်ခြင်း။

 

၁၉။ ငှားရမ်းခများ၊ နှစ်စဉ်ကြေးများနှင့် စပ်လျဉ်း၍ စာချုပ်သက်တမ်းကာလာ အချိန်စေ့ရောက်မှု၊ ငှားရမ်းခများ အချိန်မီပေးသွင်းမှု၊ ငှားရမ်းခ ကြွေးကျန်များ မရှိစေရေးတို့ကို စောင့်ကြည့် ကြပ်မတ်ခြင်း။

 

၂၀။ အသုံးစရိတ်များ သုံးစွဲပြီးပါက လစဉ်ငွေထုတ်စာရင်းအသီးသီးမှ ပေးပို့သည့် လချုပ်စာရင်းများအား အချိန်မီရောက်ရှိရေး၊ ပူးတွဲပါရှိရမည့် စာရင်းပုံစံများ ပြည့်ပြည့်စုံစုံ ပါရှိရေး၊ စာရင်းရေး သွင်းချက်များ မှန်ကန်မှုရရှိရေး၊ သုံးစွဲသည့် အသုံးစရိတ်များ ငွေစာရင်းခေါင်းစဉ် မှန်ကန်စွာ သုံးစွဲမှုရှိရေး စိစစ်ကြပ်မတ်ခြင်း။

 

၂၁။ အသုံးစရိတ်များသည် ငွေသားစီမံချက်အတိုင်း သုံးစွဲမှုရရှိရေး တင်ဒါခေါ်ယူ၍ ဝယ်ယူရမည့် ကိစ္စများအတွက်အချိန်မီ တင်ဒါခေါ်ယူနိုင်ရေး၊ ကုမ္ပဏီများနှင့် ဆက်သွယ် ဆောင်ရွက်ရ သည့် ဆောက်လုပ်ရေးလုပ်ငန်းများသည် လျာထားသည့်အချိန်တွင် လျာထားသည့်အတိုင်း ဆောင်ရွက်နိုင်မှု ရှိရေးတို့ကို ကြပ်မတ်ဆောင်ရွက်ခြင်း။

 

၂၂။ ပြင်ပအဖွဲ့အစည်းများ (အခြားဝန်ကြီးဌာနများ)မှ တောင်းခံသည့် စာရင်းများအား မှန်မှန် ကန်ကန်ဖြင့် သတ်မှတ်ရက်အတိုင်း ပေးပို့တင်ပြနိုင်ရေး၊ မိမိဝန်ကြီးဌာနသို့ အချိန်မီ ပေးပို့တင်ပြ နိုင်ရေးတို့ကို ဆောင်ရွက်ခြင်း။

 

၂၃။ အသုံးစရိတ်များ သုံးစွဲပြီးတိုင်း (လစဉ်လချုပ်ချုပ်ပြီးတိုင်း) ဘတ်ဂျက်ခွင့်ပြုငွေ၊ သုံးစွဲငွေ၊ လက်ကျန်ငွေ အခြေအနေတို့ကို စောင့်ကြည့်ကြပ်မတ်ခြင်း။

 

၂၄။ အပတ်စဉ် ရန်ပုံငွေလက်ကျန် အခြေအနေများအား တာဝန်ရှိသူ (ဌာနအကြီးအကဲ)ထံ စဉ်ဆက်မပြတ် တင်ပြနိုင်ရေးဆောင်ရွက်ခြင်း။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း
အစာလည်းဆေး၊ ဆေးလည်းအစာ ဖလံတောင်ဝှေးပင်အကြောင်း သိကောင်းစရာ