the republic of the union of myanmar

ministry of health

Department of Traditional Medicine

သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနခွဲ၊ သုတေသနဌာနစိတ်

မျှော်မှန်းချက်

“အရည်အသွေးပြည့်ဝပြီး ဘေးဉပါဒ်ကင်းသော တိုင်းရင်းဆေးဝါးများအသုံးပြုနိုင်ရေးအတွက် ကောင်းမွန်သော ဓါတ်ခွဲခန်းကျင့်စဉ်များ၊ အရည်အသွေးစီမံခန့်ခွဲမှုစနစ်များနှင့်အညီတိကျခိုင်မာသော ဓါတ်ခွဲစမ်းသပ်ချက်ရလဒ် များ ဖြင့် ဓါတ်ခွဲစမ်းသပ်မှုဆိုင်ရာ ဝန်ဆောင်မှုများပေးရန်”

 

Vision

“To provide testing laboratory services for ensuring safety and quality of traditional medicines with reliable and valid results to customers as a regulator in line with Good Laboratory Practices (GLP) and Quality Management System (QMS)”

 

လုပ်ငန်းတာဝန်များ

 

  • ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်များနှင့်အညီ တိုင်းရင်းဆေးဝါးများအရည်အသွေးပြည့်ဝပြီး ဘေးဉပါဒ်ကင်း၍ စိတ်ချလုံခြုံမှုရှိစေရန် တိုင်းရင်းဆေးသုတေသနဓါတ်ခွဲခန်းအား အရည်အသွေးစီမံခန့်ခွဲမှု စနစ်နှင့်အညီ အမျိုးသားအဆင့်အထိ မြှင့်တင်ဆောင်ရွက်ရန်
  • တိကျခိုင်မာသော ဓါတ်ခွဲစမ်းသပ်ချက်ရလဒ်များဖြင့် ကောင်းမွန်သောဓါတ်ခွဲစမ်းသပ်ခြင်း ဝန်ဆောင်မှုများကို အများပြည်သူများအား ပံ့ပိုးပေးနိုင်ရေးဆောင်ရွက်ရန်
  • တိုင်းရင်းဆေးသုတေသနများနှင့် ဓါတ်ခွဲစမ်းသပ်မှုဆိုင်ရာဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်

Mission

 

  • To upgrade traditional medicine research laboratory for the national level in accordance with quality management system (QMS) in ensuring safety and quality of traditional medicines align with the goals of the Ministry of Health
  • To provide good laboratory testing services with reliable and valid results to the customers
  • To support and conduct the traditional medicine research activities and laboratory services for sustainable development

 

အရည်အသွေးဆိုင်ရာမူဝါဒ

 

  • ကောင်းမွန်သောဓါတ်ခွဲခန်းကျင့်စဉ်များ၊ အရည်အသွေးစီမံခန့်ခွဲမှုစနစ်များနှင့်အညီ တိကျခိုင်မာသော ဓါတ်ခွဲစမ်းသပ်ချက်ရလဒ်များဖြင့် အရည်အသွေးပြည့်ဝ၍ ဘေးအန္တရာယ်ကင်းရှင်းသော တိုင်းရင်းဆေးဝါးများ ဖြစ်ပေါ်စေရေး  
  • အရည်အသွေးဆိုင်ရာ ရည်မှန်းချက်များနှင့်အညီ အဓိကစွမ်းဆောင်မှုအညွှန်းကိန်းများအား ကြီးကြပ် အကဲဖြတ်ဆောင်ရွက်နိုင်ရေး
  • တိုင်းရင်းဆေးဝါး ဓါတ်ခွဲစမ်းသပ်မှုဆိုင်ရာ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ လုပ်ငန်းရှင်များနှင့် သုံးစွဲသူများ စိတ်ကျေနပ်မှုရှိစေမှုအတွက်ဆောင်ရွက်နိုင်ရေး 

 

Quality Policy

 

  • Ensuring the safety and quality of traditional medicines with reliable and valid results compliance to Good Laboratory Practices (GLP) and Quality Management System (QMS)
  • Monitoring and evaluating the key performance indicators of the quality objectives
  • Providing the testing laboratory services to be the customers satisfaction 

 

သုတေသနလုပ်ငန်းများဆောင်ရွက်မှု

 

၁။ WHO ၏ အထောက်အပံ့ဖြင့် “Standardization on Traditional Medicine Formulations” ဆောင်ရွက်လျက်ရှိပါသည်။

၂။ (၂၀၁၇- ၂၀၁၈) ဘဏ္ဍာနှစ်အတွင်း တိုင်းရင်းဆေးပညာဦးစီးဌာနမှဆောင်ရွက်ခဲ့သော Implementation Research (၂၆) စောင်အတွက်လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ပါသည်။

၃။ တိုင်းရင်းဆေးပညာဉီးစီးဌာနမှ တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲများ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိပါသည်။

၁။ မှတ်ပုံတင်လျောက်ထားလာသည့် တိုင်းရင်းဆေးဝါးများအား ဓာတ်ခွဲစစ်ဆေးခြင်း။

၂။ ကုန်သွယ်ရေးမှ ပေးပို့လာသော ပရဆေးကုန်ကြမ်းများ၏ စစ်မှန်မှုအား စစ်ဆေးခြင်း။

၃။ စျေးကွက်မှ တိုင်းရင်းဆေးဝါးများအား စစ်ဆေးခြင်း။

၄။ မှတ်ပုံတင်ဆေးဝါးများ၏ တည်မြဲမှုနှင့်သက်တမ်း (Stability and Shelf-life) စစ်ဆေးခြင်း။

၅။ Ad-hoc ကြားဖြတ်သုတေသန ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း
အစာလည်းဆေး၊ ဆေးလည်းအစာ ဖလံတောင်ဝှေးပင်အကြောင်း သိကောင်းစရာ