the republic of the union of myanmar

ministry of health

Department of Traditional Medicine

စီမံခန့်ခွဲရေးဌာနစိတ်

၁။ တိုင်းရင်းဆေးပညာဦးစီးဌာန လက်အောက်ရှိ ဌာနခွဲများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ဆေးရုံ/ဆေးခန်းများ၊ စက်ရုံများမှ အရာထမ်း၊ အမှုထမ်းများ၏ ရာထူး တိုးမြှင့်/ပြောင်းရွှေ့ခြင်း၊ တွဲဘက်၊ နှုတ်ထွက်၊ ရပ်စဲ၊ ထုတ်ပယ်ခြင်း၊ ဌာနကူးပြောင်း တာဝန် ထမ်းဆောင်ခြင်း၊ ဝန်ထမ်းအင်အားစာရင်းများ၊ ဖွဲ့စည်းပုံကိစ္စများ ဆောင်ရွက်ခြင်းနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့ ညှိနှိုင်းရန်ကိစ္စရပ်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန စီမံခန့်ခွဲရေးကော်မတီသို့ တင်ပြရသည့် ဝန်ထမ်းရေးရာကိစ္စရပ်များ ဆောင်ရွက် ခြင်း။

 

၂။ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနသို့ ပေးပို့သော ဝန်ထမ်းအင်အားစာရင်းများ၊ လစာ နှင့် စရိတ်တွက်ချက်ခြင်း၊ စာရင်းစစ် ဖြေကြားခြင်း။

 

၃။ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီး၊ တိုင်းရင်းဆေးတက္ကသိုလ်၊ ဆေးရုံ/ဆေးခန်း များသို့ အကြောင်းကြားခြင်း၊ နိုင်ငံတော်သမ္မတရုံးနှင့် ဝန်ကြီးဌာနများမှ ထုတ်ပြန်သည့် ညွှန်ကြား ချက်များအား ထပ်ဆင့်အကြောင်းကြားခြင်း။

 

၄။ ဖောင်ကြီး၊ ဇီးပင်ကြီး၊ အလယ်အလတ်အဆင့်၊ အဆင့်မြင့်အရာထမ်းသင်တန်း၊ စာရင်းကိုင်သင်တန်းများ၊ အမှုထမ်းများ စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းများ၊ ကွန်ပျူတာ သင်တန်း၊ စာကြည့်တိုက်သင်တန်းနှင့် အခြားသောသင်တန်းများသို့ အရည်အချင်းပြည့်မီ သည့် ဝန်ထမ်းများအား စေလွှတ်နိုင်ရန်ဆောင်ရွက်ခြင်း။

 

၅။ (၃) လပတ် (၆)လပတ် အစီရင်ခံစာနှင့် နှစ်ပတ်လည် အစီရင်ခံစာများ ပြုစုဆောင် ရွက်ခြင်း။

 

၆။ ပြည်ထောင်စုဝန်ကြီး၏ လုပ်ငန်းလမ်းညွှန်ချက်များ၊ ဦးစီးဌာနလုပ်ငန်း ညှိနှိုင်း အစည်းအဝေး တင်ပြချက်များ၊ မှတ်တမ်းများ ဆောင်ရွက်ပေးခြင်း။

 

၇။ ဝန်ထမ်းများ ရုံးတက်/ဆင်း ကြို/ပို့ခြင်း၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ အတွက် ပြင်ဆင်စရိတ်၊ စက်သုံးဆီ၊ စက်ဆီ၊ ချောဆီ ရရှိရေး၊ လိုင်စင်သက်တမ်းတိုးခြင်း၊ မော်တော်ယာဉ် ပြန်တမ်းကိစ္စရပ်များအား မော်တော်ယာဉ်ဌာနစုမှ ဆောင်ရွက်ခြင်း။

 

၈။ ရုံးသုံးပစ္စည်းများ ဝယ်ယူရေးကိစ္စများအား အဖွဲ့ဖွဲ့၍ ဆောင်ရွက်ခြင်း၊ သိုလှောင်ခြင်း၊ ခွင့်ပြုချက်နှင့်အညီ ထုတ်ပေးနိုင်ရန်နှင့် ဖြည့်တင်းဝယ်ယူရေးကို ဆောင်ရွက်ခြင်း။

 

၉။ လွှတ်တော်မေးခွန်းများဖြေကြားခြင်း၊ မြေယာကိစ္မများ၊ အဆောက်အဦကိစ္စများ၊ ဘွဲ့ထူး/ဂုဏ်ထူးကိစ္စရပ်များ၊ တိုင်းရင်းဆေးကောင်စီကိစ္စရပ်များ၊ နိုင်ငံခြားဆက်သွယ်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ ရုံးနှင့်ပတ်သက်သော အထွေထွေကိစ္စရပ်များကို ဆောင်ရွက်ခြင်း။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း
အစာလည်းဆေး၊ ဆေးလည်းအစာ ဖလံတောင်ဝှေးပင်အကြောင်း သိကောင်းစရာ
ဆေးဖက်ဝင် ဆီးပင်