the republic of the union of myanmar

ministry of health

Department of Traditional Medicine

(၂၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ နှီးနှောဖလှယ်ပွဲကျင်းပ

     (၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာ နှီး‌နှောဖလှယ်ပွဲကို နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ တွင် ဆက်လက်ကျင်းပလျက်ရှိရာ မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို ဒီဇင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄)၌ ကျင်းပသည်။

     မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲဖွင့်ပွဲတွင် သဘာပတိအဖြစ် တိုင်းရင်း ဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက ဆောင်ရွက်ပြီး  သဘာပတိအဖွဲ့ဝင်များ အဖြစ် တိုင်းရင်းဆေးတက္ကသိုလ်ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ သိန်းဇော်လင်း၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းဥက္က ဦးမောင်မောင်ဦး တို့ ကဆောင်ရွက်ကာ သဘာပတိက အဖွင့်အမှာစကားပြောကြားသည်။ အခမ်းအနားသို့ ကျန်းမာရေး ဝန်ကြီးဌာန ဥပဒေအကြံပေး ဦးစိန်ဝင်းနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

     နံနက်ပိုင်းနှီးနှောဖလှယ်ပွဲတွင် ဆေးဝါးတက္ကသိုလ်မှ ပါမောက္ခချုပ်(ငြိမ်း)၊ ပါမောက္ခ ဒေါက်တာ စန်းစန်းနွဲ့က သဘာပတိအဖြစ်ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်း၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီအဖွဲ့ဝင် ဒေါ်ကြည်ဌေး က ဆောင်ရွက်သည်။

     ထို့နောက် တိုင်းရင်းဆေးပညာ ရိုးရာကုထုံးနည်းစနစ်နှင့် ဆေးဝါးဆိုင်ရာစာတမ်း(၁၀)စောင် ဖြစ်သော - “ဂုံရှမ်းတိုင်းရင်းသားတို့၏ ရိုရာယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် အရိုးကျိုးရောဂါ ကုသနည်းကို လေ့လာခြင်း”၊ “ဝိဇ္ဇာဓရနယ ဝါဠုကယန္တရားရွှေပြာ ဖုတ်နည်းနှင့် ဆေးသုံး စွဲနည်း”၊  “ဆေးဖက်ဝင်နနွင်းခါးပင်အကြောင်း လေ့လာခြင်း”၊ “တောလက်ဖက် (ခေါ်)ကြက်တက်ရွက်၏ကျန်းမာရေးအကျိုးကျေးဇူးများကို လေ့လာတင်ပြခြင်း”၊ “တိုင်းရင်း ဆေးကျမ်းများတွင် ဖော်ပြထားသည့် ဖန်းခါးပင်၏ ဆေးဖက်အသုံးပြုပုံများနှင့် သိပ္ပံနည်းကျ သုတေသနတွေ့ရှိချက်များကိုနှိုင်းယှဉ်လေ့လာခြင်း” စာတမ်းများ ဖတ်ကြားကြသည်။

     မွန်းလွဲပိုင်း၌ နှီးနှောဖလှယ်ပွဲကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ နာယကဆရာကြီး ဦးမြင့်လွင်က သဘာပတိအဖြစ်ဆောင်ရွက်ကာ သဘာပတိအဖွဲ့ဝင် များအဖြစ် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ နာယက ဦးသန်းညွန့်၊ တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာအကြံပေး အဖွဲ့ဝင် ပါမောက္ခအောင်ကျော်မင်း တို့က ဆောင်ရွက်ပြီး “မူးယစ် ဆေးစွဲဝေဒနာရှင်များအား မြန်မာ့ရိုးရာတိုင်းရင်းဆေးနည်းဖြင့် ပြုစုကုသမှု အပေါ်လေ့လာ သုတေသနပြုခြင်း"၊ “ပုဂ္ဂလပညတ်ဆေးပညာ၏ သဘောတရားများအား လေ့လာတင်ပြခြင်း” ၊ “အကင်း(၁၀)ပါးဆေး (တိုင်းရင်းဆေးအမှတ်-၄၃)ကို အနာရောဂါများတွင် ကုသမှု အခြေအနေ ကို လေ့လာတင်ပြခြင်း”၊ “အရိုးကျိုးခြင်းအား တိုင်းရင်းဆေးဖြင့် ကုသခြင်းကို လေ့လာ တင်ပြခြင်း”၊ “ရန်ကုန်တိုင်းရင်းဆေးရုံကြီး၌ အသုံးပြုလျက်ရှိသော မန်းဆေး၏ လက်တွေ့ ကုထုံးအပေါ် လေ့လာတင်ပြခြင်း”၊ စာတမ်းများဖတ်ကြားပြီး နှီးနှောဖလှယ်ပွဲ တက်ရောက် လာကြသူများက စာတမ်းများနှင့် ပတ်သက်၍ မေးမြန်းခြင်း၊ ပြန်လည်ဆွေးနွေးခြင်း၊ အကြံပြုခြင်းများ ဆောင်ရွက်ကြကာ  ပညာရပ် များနှီးနှောဖလှယ်ကြသည်။

     ညနေပိုင်းတွင်  (၂၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့ တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲအောင်မြင်စွာ ကျင်းပပြီးစီးမှုအတွက် တိုင်းရင်းဆေး ပညာဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက ညီလာခံနှင့် နှီးနှောဖလှယ်ပွဲတွင် သဘာပတိနှင့် သဘာပတိအဖွဲ့ဝင်အဖြစ်ဆောင်ရွက်ပေးကြပါသော ဆရာကြီး၊ ဆရာမကြီးများ၊ စာတမ်းရှင်များ၊ တိုင်းရင်းဆေးပြခန်းများ ပါဝင်ပြသကြသော တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းရှင်များ၊ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်း ပံ့ပိုးကူညီပေးခဲ့ကြသည့် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းရှင် များနှင့် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ပြီး အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း