ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီတို့ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့ ပူးပေါင်းဖွင့်လှစ်သော တိုင်းရင်းဆေးဆရာများ၏ ဆေးကုသမှုစွမ်းဆောင်ရည်မြင့်မားရေး မွမ်းမံသင်တန်း သင်တန်းဖွင့်ပွဲကို အခမ်းအနားကို ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစုစုဒွေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင် (၈)ဦး တို့သည် ထိုင်းနိုင်ငံ၊ Nong Khai မြို့နှင့် လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တို့တွင် ၂၀၂၄ ခုနှစ် ဇွန်လ(၁၂) ရက်နေ့မှ (၁၄) ရက်နေ့အထိ ကျင်းပပြုလုပ်သည့် (၁၁)ကြိမ်မြောက် တိုင်းရင်ဆေးဝါးများဆိုင်ရာ မဟာမဲခေါင်ဒေသတွင်းနိုင်ငံများအစည်အဝေး (The 11th Meeting on Indigenous Medicine in the Greater Mekong Basin) သို့ တက်ရောက်ခဲ့ပါသည်။
ထိုင်းနိုင်ငံ Nong Province နှင့် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တို့တွင် ၂၀၂၄ ခုနှစ် ဇွန်လ (၁၂)ရက်နေ့မှ (၁၄) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၁၁)ကြိမ်မြောက် တိုင်းရင်းဆေးဝါးများဆိုင်ရာ မဟာမဲခေါင်ဒေသတွင်း နိုင်ငံများ အစည်းအဝေးသို့