the republic of the union of myanmar

ministry of health

Department of Traditional Medicine

၂၀၂၄ ပညာသင်နှစ် တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး၏ ကျောင်းသားအားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို (၁၈-၇-၂၀၂၄)ရက်နေ့တွင် တိုင်းရင်းဆေးတက္ကသိုလ်အဆောက်အဦရှေ့မျက်နှာစာတွင် ကျင်းပ

၂၀၂၄ ပညာသင်နှစ် တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး၏ ကျောင်းသားအားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို (၁၈-၇-၂၀၂၄)ရက်နေ့တွင် တိုင်းရင်းဆေးတက္ကသိုလ်အဆောက်အဦရှေ့မျက်နှာစာတွင် ကျင်းပပြုလုပ်သည်။  ဖွင့်ပွဲတွင် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယပါမောက္ခချုပ်(စီမံ) ဦးတင့်လွင်က အမှာစကားပြောကြားပြီး အားကစားပြိုင်ပွဲကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဆေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဌေးလွင်က အားကစားပြိုင်ပွဲ ကျင်းပရခြင်း နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ မော်ကွန်းထိန်း ဦးမြင့်အေးက ပြိုင်ပွဲစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားမောင်မယ်များက အားကစားအဓိဋ္ဌာန် (၄)ချက် သံပြိုင် ရွတ်ဆိုကြပသည်။ အဆိုပါ အခမ်းအနားသို့ တိုင်းရင်းဆေးတက္ကသိုလ်ရှိ ဌာနမှူး/ ဌာနတာဝန်ခံများ၊ အားကစားပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီအသီးသီးမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကာ အားကစားပြိုင်ပွဲတွင် ဖူဆယ်ဘောလုံးပြိုင်ပွဲ (ကျား၊ မ)၊ ကြက်တောင်ရိုက်ပြိုင်ပွဲ (ကျား၊ မ)(Double, Single)၊ စားပွဲတင်တင်းနစ်ရိုက်ပြိုင်ပွဲ (ကျား၊ မ) (Double, Single)၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲ(ကျား)နှင့် E-Sport game ပြိုင်ပွဲ စသည့် အားကစားနည်း(၅)မျိုးဖြင့် (၁၈-၇-၂၀၂၄) ရက်နေ့မှ (၂၆-၈-၂၀၂၄) ရက်နေ့အထိ ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ