the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့(၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၌ သံဃာဆေး ကုသဆောင်ဖွင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၌ သံဃာ ဆေးကုသဆောင်ဖွင့်ပွဲ အခမ်းအနားကို ၈-၇-၂၀၂၄ ရက်နေ့တွင် ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် ကျိုင်းတုံနယ် မြေခံတပ်နယ်မှူးနှင့် တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးတို့က သံဃာဆေးကုသဆောင် လှူဒါန်းခြင်းနှင့် ပတ်သက်၍ ဂုဏ်ပြုအမှာစကားပြောကြားပြီး အလှူရှင် ဦးစိုင်းဝန်းဖတ်က သံဃာ ဆေးကုသဆောင် လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အလှူရှင် ဦးစိုင်းဝန်းဖတ်က သံဃာဆေးကုသဆောင် အသစ်ကို တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးထံ လွှဲပြောင်းပေးအပ်ပြီး တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။

ထို့နောက် သံဃာဆေးကုသဆောင်အသစ်ကို တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌ  ဦးဇော်လွင်ဦးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္မည်းမော်ကွန်းဆိုင်းဘုတ်ကို အမွှေးနံ့သာများဖြင့် ပက်ဖျန်းကြသည်။

ယင်းနောက် ကျိုင်းတုံတပ်နယ်မှူးနှင့် တာဝန်ရှိသူများက သံဃာဆေးကုသဆောင် အသစ်ကိုလှည့်လည်ကြည့်ရှုပြီး ဆေးကုသမှုခံယူလျက်ရှိသည့် သံဃာတော်များနှင့် (၂၅)ခုတင် ဆံ့ တိုင်းရင်းဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည့် ပြည်သူများအား ကြက်ဥနှင့် အာဟာရ ပြည့် အစားအစာများ ပေးအပ်လှူဒါန်းသည်။

အဆိုပါ (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၏ သံဃာဆေးကုသဆောင်မှာ အလျားပေ (၆၀) အနံပေ (၃၀) ရှိပြီး ယင်း သံဃာဆေးကုသဆောင်ကို ကျိုင်းတုံမြို့မှ အလှူရှင် ဦးစိုင်းဝန်းဖတ် မိသားစုက ငွေကျပ် ၁၄၅၉ သိန်း အကုန်ကျခံ ဆောက်လုပ်လှူဒါန်းခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အဆီတိုးရောဂါအကြောင်းသိကောင်းစရာ
ဝမ်းလျှောဝမ်းပျက်ရောဂါကို တိုင်းရင်းဆေးဖြင့်ကုသခြင်း
လေထိုး လေအောင့်ရောဂါ နှင့် တိုင်းရင်းဆေးပညာ အကြောင်းသိကောင်းစရာ
ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ တိုင်းရင်းဆေးပညာ