the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးသည် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းဆေးရုံ၊ ဆေးကုဌာနများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခြင်း

တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးသည် (၉-၇-၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၌ ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံ (ကျိုင်းတုံ)၊ ကျိုင်းတုံ ခရိုင်တိုင်းရင်းဆေးကုဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာန၊ တာချီလိတ်မြို့နယ် တိုင်းရင်းဆေးကုဌာန၊  မိုင်းယောင်းမြို့နယ်တိုင်းရင်းဆေးကုဌာနတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ အားပေးစကားပြောကြားပြီး လုပ်ငန်း ဆောင်ရွက်နေမှုများအား လမ်းညွှန်မှာကြားဖြည့်ဆည်းပေးပါသည်။ ထို့နောက် ဂရိတ်ဝေါတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး နှင့် ထွန်းရွှေဝါတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းတို့က တွေ့ဆုံပွဲတက်ရောက်ကြသည့် ဌာနများ အား အလှူငွေ ၅သိန်းကျပ်စီပေးအပ်လှူဒါန်းပါသည်။

ဆက်လက်၍ (၉-၇-၂၀၂၄)ရက်နေ့မှ (၁၁-၇-၂၀၂၄) ရက် နေ့များအတွင်း  ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ကျိုင်းတုံဆေးရုံ၌ တက်ရောက်၍ ဆေးကုသမှူခံယူနေသည့် လူနာများ အခြေအနေ လိုက်လံကြည့်ရှုကာ လူနာများကို အားပေးခြင်း၊ ကျိုင်းတုံဆေးရုံနှင့်ခရိုင် ဝန်ထမ်း အိမ်ရာများ ကြည့်ရှုကာ ပြုပြင်ထိန်းသိမ်းရန်လိုအပ်ချက်များညွှန်ကြားခြင်း၊ ကျိုင်းတုံမြို့နယ် တိုင်းရင်းဆေးကုဌာန ရှိ ပရဆေးဥယျာဉ်ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များအား လမ်းညွှန်မှာကြားခြင်း၊ တာချီလိတ်မြို့နယ် တိုင်းရင်း ဆေးကုဌာနတွင် လူနာစာရင်း၊ ဆေးဝါးထားသိုမှု၊ ဆေးကုသပေးမှုအခြေအနေတို့ကိုစစ်ဆေးခြင်း၊ တာချီလိတ် မြို့နယ် တိုင်းရင်းဆေးကုဌာန၊ ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုကို စစ်ဆေးခြင်းများ ဆောင်ရွက်ပါသည်။ ခရီးစဉ်အတွင်း ညွှန်ကြားရေးမှူးချုပ်သည် ဝန်ထမ်းများအား နှစ်တို၊ နှစ်ရှည် သီးပင်၊ စားပင် နှင့် ဆေးဖက်ဝင် အပင်များ စိုက်ပျိုးရန် လမ်းညွှန်မှုပြုကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါခရီးစဉ်တွင် ညွှန်ကြားရေးမှူးချုပ်နှင့်အတူ တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိသူများလည်း လိုက်ပါ သွားကြောင်း သတင်းရရှိသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ