တိုင်းရင်းဆေးပညာလောက ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများအနေဖြင့် အစွမ်းအာနိသင် ထက်မြက်ပြီး အန္တရာယ်ကင်းသော တိုင်းရင်းဆေးဝါးများသုံးစွဲနိုင်ရေးအတွက် ဘက်ပေါင်းစုံမှ သုံးသပ်အကြံပေးနိုင်ရန် ယခုအဖွဲ့ကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်းဖြင့် ဇူလိုင်လ(၂)ရက်နေ့၊ နံနက် (၉) နာရီတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး Training Centre ၌ ကျင်းပသည့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမှာစကားပြောကြားသည်။