ဒီကနေ့ (၁၈) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုဝန်ကြီးများ၊ အတွင်းဝန်များ၊ နေပြည်တော်ကောင်စီများ၊ အမျိုးသားလွှတ်တော် ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့ကဥက္ကဌများ၊ ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်များ၊ ညွှန်းကြားရေးမှူးချုပ်များ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများက ဌာနေကိုယ်စားလှယ်များ အစိုးရမဟုတ်သော အသင်းအဖွဲ့အစည်း အသီးသီးက တာဝန်ရှိ ပုဂ္ဂိုလ်များ၊ တိုင်းရင်းဆေး ထုတ်လုပ်သူ လုပ်ငန်းရှင်များနှင့် ညီလာခံကိုယ်စာလှယ်ကြီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။
(၁၈)ကြိမ်မြောက်မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ကြသော တိုင်းရင်းဆေးသမားတော်ကြီးများ၊ ညီလာခံကိုယ်စားလှယ်တော်ကြီးများနှင့် ဧည့်သည်တော်ကြီးများအားလုံး ကာယသုခ၊ စိတ္တသုခ နှစ်ဖြာသောသုခနှင့် ပြည့်စုံပါစေကြာင်း ပထမဦးစွာဆုတောင်းမေတ္တာပို့သရင်း မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။
ကျွန်မတို့ရဲ့ (၁၈)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ပိတ်ပွဲအခမ်းအနားသို့ ကြွရောက်လာကြပါသော ဧည့်သည်တော်ကြီးများ၊ သဘာပတိအဖွဲ့ဝင်များ၊ Moderatorများ၊ Panelist များ၊ မြန်မာ့တိုင်းရင်းဆေးပညာရှင်သမားတော်ကြီးများ၊ ပြည်နယ်/ တိုင်းဒေသကြီးများမှ တိုင်းရင်းဆေးညီလာခံကိုယ်စားလှယ်များ၊ တိုင်းရင်းဆေးပညာနှင့် နှီးနွယ်သောပညာရပ်ဆိုင်ရာ အသိပညာရှင်အတတ်ပညာရှင်များ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းရှင်များနဲ့ တက်ရောက်လာကြသူများ အားလုံးစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ ဦးစွာ နှုတ်ခွန်းဆက်စကား ပြောကြားရင်း၊ အားလုံးကို ကျေးဇူးဥပကာရတင်ရှိကြောင်း ပြောကြားလိုပါတယ်ရှင်။
(၁၈)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့်နှီးနှောဖလှယ်ပွဲအကြို ညှိနှိုင်းအခမ်းအနားကို တက်ရောက်လာကြသော တိုင်းရင်းဆေးသမားတော်ကြီးများ၊ သက်ဆိုင်ရာနှီးနှောပညာရှင်များနဲ့ ညီလာခံကိုယ်စားလှယ်တော်ကြီးများအားလုံးစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့်တကွ ကောင်းကျိုးမင်္ဂလာအဖြာဖြာပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းများတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်ရှင်။