the republic of the union of myanmar

ministry of health

Department of Traditional Medicine

(၁၈) ကြိမ်မြောက်မြန်မာ့တိုင်းရင်းဆေးသမာတော်များညီလာခံတွင် သဘာပတိကကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်းပြောကြားမည့်မိန့်ခွန်း

(၁၈)ကြိမ်မြောက်မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ကြသော တိုင်းရင်းဆေးသမားတော်ကြီးများ၊ ညီလာခံကိုယ်စားလှယ်တော်ကြီးများနှင့် ဧည့်သည်တော်ကြီးများအားလုံး ကာယသုခ၊ စိတ္တသုခ နှစ်ဖြာသောသုခနှင့် ပြည့်စုံပါစေကြာင်း ပထမဦးစွာဆုတောင်းမေတ္တာပို့သရင်း မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။

 

အခုလို မြန်မာ့တိုင်းရင်းဆေးသမားတော်များသာမက တိုင်းရင်းဆေးနှင့် နှီးနွယ်တဲ့အခြားပညာရှင်ကြီးများ ညီညွှတ်ချစ်ခင်စွာဆုံစည်းကြတဲ့ ဒီညီလာခံကြီးမှာ မိမိအနေနဲ့ သဘာပတိအဖြစ် ဆောင်ရွက်ခွင့်ရတဲ့အတွက် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။

 

မြန်မာ့တိုင်းရင်းဆေးသမားတော်ညီလာခံကို(၂၀၀၀)ပြည့်နှစ်ကစပြီး နိုင်ငံတော်အဆင့် နှစ်စဉ်မပျက်အောင်မြင်စွာ ကျင်းပလာခဲ့တာ ယခုနှစ်ဆိုရင်(၁၈)ကြိမ်မြောက် ကျင်းပနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီလို မြန်မာ့တိုင်းရင်းဆေးသမားတော်များ၊ တိုင်းရင်းဆေးပညာရှင်ကြီးများသာမက တိုင်းရင်းဆေးနှင့်နှီးနွယ်သော အခြားသောပညာရှင်များရဲ့ အတွေ့အကြုံ၊ အတွေးအခေါ်များကို  စေတနာမှန်၍ အပြုသဘောဆောင်သော အမြင်များဖလှယ်ကြတာဖြစ်သောကြောင့် မြန်မာ့တိုင်းရင်းဆေးပညာ အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်အောင်နှင့် အဆင့်အတန်းမြင့်မားအောင် အထောက်အကူကောင်းတွေ့ရရှိမှာ ဖြစ်ပါတယ်။

 

နိုင်ငံတော်အစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာ့တိုင်းရင်းဆေးပညာ၏ ဘိုးဘွားအမွေအနှစ်ဖြစ်သော တိုင်းရင်ဆေးပညာတွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ဖော်ထုတ်ပေးခဲ့ကြပြီး မြန်မာ့တိုင်းရင်းဆေးသမိုင်း အမွေအနှစ် ချန်ရစ်အောင် အားပေးချီးမြောက်မှုများ ဆောင်ရွက်ပေးနေပါတယ်။ မြန်မာ့တိုင်းရင်းဆေးကို ပြည်သူလူထုယုံကြည်အားကိုးလာအောင်နှင့် ပြည်သူလူထုကျန်းမာရေး အဆင့်အတန်းမြင့်မားအောင် တိုင်းရင်းဆေးဖြင့်ကျန်းမာရေး စောင့်ရှောက်မှုပိုမို ပေးနိုင်ရန် ကြိုးစားဆောင်ရွက်ကြဖို့လည်းလိုအပ်ပါတယ်။ ဒီလိုစောင့်ရှောက်ပေးဖို့အတွက် တိုင်းရင်းဆေးဆရာတွေရဲ့ အရည်အသွေးနဲ့ဂုဏ်သိက္ခာတွေ တိုးတက်သထက် တိုးတက်လာအောင် ဆောင်ရွက်ဖိို့အလွန်အရေးကြီးပါတယ်။ ဒါကြောင့် မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညီလာခံကိ်ုယ်စားလှယ်ကြီးများနှင့် တိုင်းရင်းဆေးဆရာကြီးများ တိုင်းရင်းဆေးကိုအထောက်အကူပေးနိုင်မယ့်နှီးနွယ်သော ပညာရှင်များနှင့်လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ဒီနေရာကနေ တိုက်တွန်းပါရစေ။

 

မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကိ်ု တက်ရောက်လာကြသော ညီလာခံကိုယ်စားလှယ်ကြီးများခင်ဗျာ။

 

(၁၇)ကြိမ်မြောက် ညီလာခံအဆိုပြုချက်မှ ထောက်ခံချက်များကိုလည်းအကြိုညှိနှိုင်းဆွေးနွေးပွဲနေ့မှာ ပြန်လည်သုံးသပ်တင်ပြပြီး ဖြစ်တယ်လို့သိရပါတယ်။

 

ယခုနှစ်ညီလာခံရဲ့ အဆိုပြုချက်တွေဖြစ်သော မြန်မာ့တိုင်းရင်းဆေးပညာ၏ သမားစဉ် ကုထုံးနည်းစနစ်နှင့် အစွမ်းထက်ဆေးဝါးများကို ရောဂါအလိုက် ရှာဖွေဖော်ထုတ်၍ တိုင်းရင်းဆေးရုံများနှင့် တိုင်းရင်းဆေးကုဌာနများတွင် လက်တွေ့အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ မြန်မာ့တိုင်းရင်းဆေးပညာ အဆင့်အတန်းကို နိုင်ငံတကာအဆင့်သို့ မြှင့်တင်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန်၊ မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးပညာပေးခြင်းကို အိမ်ရှင်မများထံရောက်ရှိအောင် ဆောင်ရွက်ရန်၊ နယကြီး(၄)ပါးကို အခြေခံသည့် မြန်မာ့တိုင်းရင်းဆေးပညာ ကုထုံးနည်းစနစ်များကို အမျိုးသားအမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရန်၊ ခေတ်အဆက်ဆက် တိုင်းရင်းဆေးပညာရှင်များ ၀ိုင်းဝန်းပူးပေါင်းဆွေးနွေးပြီး တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးနိုင်အောင်ဆောင်ရွက်ကြရန် လိုပါကြောင်း တိုက်တွန်းပါရစေ။ ဒါ့အပြင် ဒီအဆိုပြုချက်တွေရဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မဲ့ လုပ်ငန်းစဉ်များဖြစ်လာစေရန် အပြုသဘောနဲ့ ၀ိုင်းဝန်းဆွေးနွေးကြပါလို့ ဒီနေရာကနေမေတ္တာရပ်ခံပန်ကြားလိုပါတယ်။

 

နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင် ယခု(၁၈)ကြိမ်မြောက် တိုင်းရင်းဆေးသမားတော်ညီလာခံမှာ မြန်မာ့တိုင်းရင်းဆေးပညာ အဆင့်အတန်းတိုးတက်မြင့်မားရေး လုပ်ငန်းများ အောင်မြင်စေရန်အတွက် မြန်မာ့တိုင်းရင်းဆေးသမားတော်များအားလုံး စည်းလုံးညီညွတ်စွာ လက်တွဲညီညီဝိုင်းဝန်းကြိုးပမ်းကြစေရန်နှင့် ဘိုးဘွားအမွေအနှစ်ဖြစ်တဲ့ တိုင်းရင်းဆေးပညာရပ်ကို အဆင့်အတန်းမြင့်မားလာအောင် မြန်မာ့တိုင်းရင်းဆေးပညာရပ်များ၊ ကုထုံးများ၊ အာနိသင်ထက်မြက်တဲ့ ဆေးဝါးများရရှိစေရန်အတွက် အထောက်အထား ခိုင်ခိုင်မာမာ ရရှိအောင်ဆောင်ရွက်ပြီး နောင်မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းပေးကြဖို့နှင့် ပြည်သူလူထု၏ ကျန်းမာရေးကိုတိုင်းရင်းဆေးပညာနဲ့ အဆင့်တန်းမြင့်မြင့်နှင့် ကျယ်ကျယ်ပြန့်ပြန့် စောက်ရှောက်ပေးကြပါလို့ ပြောကြားရင်း နိဂုံးချုပ်ပါရစေ။

 

အားလုံးကိုကျေးဇူးတင်ပါတယ်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ