အားလုံးပဲ မင်္ဂလာပါ
ဒီကနေ့ ကျင်းပပြုလုပ်တဲ့ (၁၉) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနဲ့ နှီးနှောဖလှယ်ပွဲကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနဲ့အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနဲ့ ယဉ်ကျေးမှုဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းရင်းဆေး ကောင်စီဝင်များ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်းမှ ပုဂ္ဂိုလ်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများက ဌာနေကိုယ်စားလှယ်များ၊ အစိုးရမဟုတ်တဲ့ အသင်းအဖွဲ့အသီးသီးက တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူ လုပ်ငန်းရှင်များနဲ့တကွ ဧည့်သည်တော်ကြီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်းဆက်သ အပ်ပါတယ်။
(၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲ အကြိုညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်လာကြသော တိုင်းရင်းဆေးပညာရှင် သမားတော်များ၊ ညီလာခံလာကိုယ်စားလှယ်တော်ကြီးများနဲ့ နှီးနွယ်ပညာရှင်များအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်း ဆက်သပါတယ် ခင်ဗျာ။
တိုင်းရင်းဆေးပညာကို မြန်မာ့တိုင်းရင်းဆေး သဘောသဘာဝနဲ့သာ ခွဲခြမ်းစိတ်ဖြာသင့်
Thu , May 24 2018 - 07 amကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာ့တိုင်းရင်းဆေးဖွံ့ဖြိုးရေးကို ပံ့ပိုး ကူညီပေးနေတဲ့အတွက် မကြာမီကာလမှာ အာဆီယံအဆင့်မီ မြန်မာ့တိုင်းရင်းဆေးများစွာ ပေါ်ထွန်း လာတော့မှာဖြစ်တဲ့အကြောင်း၊ ပြီးခဲ့တဲ့နှစ်က တိုင်းရင်းဆေးလောကဂယက်ထခဲ့တဲ့ အကြောင်း စတာ တွေကို တိုင်းရင်းဆေးဝန်ထမ်းဟောင်း (တိုင်းရင်းဆေးပညာရှင်)နဲ့ ဆွေးနွေးခဲ့ပါတယ်။ အဆိုပါ ဆွေးနွေးခဲ့တာတွေကို ပြန်လည်ဖောက်သည်ချလိုက်ပါတယ်-
မြန်မာ့တိုင်းရင်းဆေးသမားတော်များ ချစ်ကြည်ရင်းနှီးစွာဖြင့် တစ်နှစ်တစ်ကြိမ် ဆုံတွေ့ခဲ့ကြသည့် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ မင်္ဂလာအခါသမယတွင် မြန်မာပြည်သူပြည်သားတိုင်း ကျန်းမာကြံံ့ခိုင်ရေးတည်းဟူသော လူမှူရေးသုခကို မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ဝမ်းမြေက်ဝမ်းသာစွာ ဆထက်ထမ်းပိုးစုစည်း ညီညွတ်စွာ ပူးပေါင်းမှုဖြင့် ဆွေးနွေးဖလှယ် ညှှိနှိုင်းတိုင်ပင်ကြမည့် မြန်မာ့တိုင်းရင်းဆေးသမားတော်များ အားလုံး နှလုံးစိတ်ဝမ်း ကြည်သာ ချမ်းမြေ့ရှိကြပါစေကြောင်း လှူက်လှဲစွာ မေတ္တာပို့သအပ်ပါသည်။