the republic of the union of myanmar

ministry of health

Department of Traditional Medicine

(၁၈) ကြိမ်မြောက်မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဒေါက်တာမြင့်ထွေးမှဖတ်ကြားမည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတဦးထင်ကျော်၏ဂုဏ်ပြုသဝဏ်လွှာ

အားလုံးပဲမင်္ဂလာပါ
          
မြန်မာ့တိုင်းရင်းဆေးသမားတော်များ  ချစ်ကြည်ရင်းနှီးစွာဖြင့် တစ်နှစ်တစ်ကြိမ် ဆုံတွေ့ခဲ့ကြသည့် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ မင်္ဂလာအခါသမယတွင်  မြန်မာပြည်သူပြည်သားတိုင်း ကျန်းမာကြံံ့ခိုင်ရေးတည်းဟူသော လူမှူရေးသုခကို မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ဝမ်းမြေက်ဝမ်းသာစွာ ဆထက်ထမ်းပိုးစုစည်း ညီညွတ်စွာ ပူးပေါင်းမှုဖြင့် ဆွေးနွေးဖလှယ် ညှှိနှိုင်းတိုင်ပင်ကြမည့် မြန်မာ့တိုင်းရင်းဆေးသမားတော်များ အားလုံး နှလုံးစိတ်ဝမ်း ကြည်သာ ချမ်းမြေ့ရှိကြပါစေကြောင်း လှူက်လှဲစွာ မေတ္တာပို့သအပ်ပါသည်။

           
ယနေ့ခေတ်ကာလသည် အမိနိုင်ငံကို ပြည်သူလူထု၏ ဆန္ဒသဘောထားနှင့်အညီ ငြိမ်းချမ်းပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အဖြစ် အားသွန်ခွန်စိုက် တည်ဆောက်လျက်ရှိပါသည်။ အမိနိုင်ငံတော်ကြီး ဘက်စုံဖွံဖြိုး တိုးတက်ေရေးကို နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထု တစ်ရပ်လုံး တာဝန်ကျရာ အခန်းကဏ္ဍပေါင်းစုံက ကြိုးပမ်းအားထုတ်လျက်ရှိပါသည်။နိုင်ငံတော်ကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ကြရာတွင် ပြည်သူလူထုတစ်ရပ်လုံး၏ ကျန်းမာကြ့ံခိုင်ရေးသည် အဓိကကျသည့် အရင်းအနှီးတစ်ရပ်ဖြစ်ပါသည်။ မြန်မာပြည်သူတို့သည် မိမိတို့ ကျန်းမာရေး စောင့်ရှောက်မှုတွင် အနောက်တိုင်းဆေးပညာ တစ်ခုတည်းကိုသာ အားကိုးပြုကြ သည်မဟုတ်ဘဲ မိမိတို့လူမျိုး အစဉ်အဆက် လက်ခံကျင့်သုံးလာခဲ့သော မြန်မာ့တိုင်းရင်းဆေးပညာကိုလည်း ယုံကြည်အားကိုးလျက်ရှိပါသည်။ သို့ဖြစ်၍ မြန်မာ့တိုင်းရင်းဆေးပညာ၏ အခန်းကဏ္ဍသည် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်များတွင် အလွန်အရေးပါလျက်ရှိကြောင်း မြန်မာ့တိုင်းရင်းဆေးသမားတော်များ ဂုဏ်ယူဝမ်းမြောက်စွာ နှလုံးသွင်းစေအပ်ပါသည်။ (၁၈) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံတွင် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ရင်းနှီး ချစ်ကြည်စွာဖြင့် မြန်မာ့တိုင်းရင်းဆေးလောက ဘက်စုံအဆင့်အတန်းမြင့်မားရေးနှင့် မြန်မာ့တိုင်းရင်းဆေးပညာအရည်အသွေးတိုးတက်ရေး မြန်မာ့တိုင်းရင်းဆေးဆရာတို့၏ ကျင့်ဝတ် သိက္ခာမြင့်မားရေး၊မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ပြည်သူများ၏ ကျန်းမာရေးကို ပိုမိုစောင့်ရှောက်မှုပေးနိုင်ရေး၊ မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ့တိုင်းရင်းဆေးဝါးများ ပိုမိုကောင်းမွန်လာစေရေး ဟူသော မွန်မြတ်သည့် ဦးတည်မျှော်မှန်းချက်များနှင့်အညီ (၂၀၀၀) ပြည့်နှစ်မှစ၍ နှစ်စဉ်အလာ မပျက် အောင်မြင်စွာ ကျင်းပလာခဲ့သည်မှ ယခုနှစ်တွင် တစ်ဆယ်ရှစ်ကြိမ်သို့တိုင် ခရီးဆက်ခဲ့ကြပြီး ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူဖွယ်အတိ ဖြစ်ပါသည်။

           
မြန်မာ့တိုင်းရင်းဆေးပညာသည် မိမိတို့ ဘိုးဘွားအဆက်ဆက် ယုံကြည်အားကိုးသုံးစွဲခဲ့ကြသည်ဖြစ်၍ အခြေခံခိုင်မာသည်ဟု ဆိုအပ်ပါသည်။ ကိုယ်လူမျိုး ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ့်ဆေးပညာကို တည်ထောင်ခဲ့ကြသည့်ဘိုးဘွားအဆက်ဆက်ကို ကျေးဇူးတင်အပ်သကဲ့သို့ ယနေ့ခေတ်ကာလ အထိ အဆင့်ဆင့် လက်ကမ်းသယ်ဆောင်လာခဲ့ပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်လျက် ရှိကြကုန်သော မြန်မာ့တိုင်းရင်းဆေးသမားတော်များ၏ ဂုဏ်ကျေးဇူးကိုလည်း မြန်မာပြည်သူတို့က နှလုံးသွင်းအောက်မေ့လျက် ရှိကြမည်မှာ မလွဲဧကန် ဖြစ်ပါသည်။ သို့ဖြစ်၍ မြန်မာ့တိုင်ရင်းဆေးသမားတော်များအနေဖြင် တာဝန်ကြီးမားလှသလို ပြည်သူတို့၏ အသက်ရှည်ရာ အနာမဲ့ကြောင်း သယ်ပိုး ဆောင်ရွက်ရသည်ဖြစ်၍ ကုသိုလ်ထူး ကုသိုလ်မြတ်များလည်း ရရှိနိုင်ကြပါသည်။

           
(၁၈) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲကိုလည်း တဆက်တည်း ကျင်းပပြုလုပ်ကြမည်ဖြစ်ပြီး နှီးနှောဖလှယ်ပွဲ၏ ရည်ရွယ်ချက်များ ဖြစ်သော မြန်မာ့တိုင်းရင်းဆေးပညာ၏ သမားစဉ်ကုထုံးနည်းစနစ်များနှင့် အစွမ်းထက်ဆေးဝါးများကို ရောဂါအလိုက် ရှာဖွေဖော်ထုတ်၍ တိုင်းရင်းဆေးရုံးများနှင့် တိုင်းရင်းဆေးကုဠာနများတွင် လက်တွေ့အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ မြန်မာ့တိုင်းရင်းဆေးပညာအဆင့်အတန်းကို နိုင်ငံတကာအဆင့်သို့ မြင့်တင်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန်၊ မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးပညာပေးခြင်းကို အိမ်ရှင်မများထံ ရောက်ရှိအောင် ဆောင်ရွက်ပေးရန်၊ နယကြီး (၄) ပါးကို အခြေခံသည့် မြန်မာ့တိုင်းရင်းဆေးပညာကုထုံး နည်းစနစ်များကို အမျိုးသားရေးအမွေအနှစ်အဖြစ် ထိမ်းသိမ်းစောင့်ရှောက်ရန်၊ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်ရန်နှင့် ခေတ်အဆက်ဆက် တိုင်းရင်းဆေးပညာသင်ကြားရေး နည်းစနစ် ဆန်းစစ်သုံးသပ်ရန် မြန်မာ့တိုင်းရင်းဆေးပညာရှင်များ အချင်းချင်းက မိမိတို့ရဲ့ တတ်မြောက်ထားသည့် ပညာရပ်များအားလည်း တိမ်မြုပ် ပျောက်ကွယ် မသွားစေရန်နှင့် တစ်ဦးရဲ့ အသိပညာများနှင့် အခြားတစ်ဦးရဲ့ အသိပညာများကိုလည်း အချင်းချင်းဆွေးနွေး ဖလှယ်ပေါင်းစပ်ကာ ကုထုံးများ ထုတ်ဖော်ကြရမည်ဖြစ်ပါသည်။မတူကွဲပြားမှုများထဲမှ အကောင်းဆုံးရလာဒ် ကုထုံးကုကွက်များကိုလည်း မကွယ်မဝုက် ဆွေးနွေးကြရန် လိုအပ်ပါသည်။

         
တိုင်းရင်းဆေးသမားတော်များ၏ အပတ်တကုတ်ကြိုးပမ်းအားထုတ်မှုများကြောင့် မျက်မှောက်ကာလ မြန်မာ့တိုင်းရင်းဆေးဝါးများလည်း အဆင့်အတန်းမြင့်မားနေသည်ကို တွေ့မြင်နေကြရပြီဖြစ်ပါသည်။ မြန်မာ့တိုင်းရင်းဆေးကို ကျေးလက်ပြည်သူတွေသာမက မြို့ပြနေပြည်သူတို့ကလည်း ပို၍ပို၍ အားကိုးအားထားပြု လက်ခံလာကြပြီ ဖြစ်ပါသည်။ မိမိတို့လူမျိုးအတွက် မြန်မာ့တိုင်းရင်းဆေးဝါးများ ခေတ်မီဖွံ့ဖြိုးတိုးတက် အရည်အသွေးကောင်းမွန်လာပြီဖြစ်၍ အားရဂုဏ်ယူ ဝမ်းမြောက်ဖွယ်ဖြစ်ပါသည်။ မြန်မာ့တိုင်းရင်းဆေးပညာ၏ နယကြီး (၄) ပါးကို အခြေခံထားသည့် အနှစ်သာရ ပြည့်ဝသော မြန်မာ့တိုင်းရင်းဆေးပညာသဘောတရားနှင့် လူတို့ဖန်တီအပ်သော ခေတ်မီနည်းပညာကို မမှီခိုဘဲ ရှင်သန်ပေါက်ရောက်နေသည့် သဘာဝအရင်းအမြစ် မြန်မာ့ပရဆေးပင်များ၏ပင်ကိုယ် အစွမ်းထက်သည့်အာနိသင်တို့ကို မြန်မာ့တိုင်းရင်းဆေးသမားတော်များက ထိန်းသိမ်း စောင့်ရှောက်လျက် ကာကွယ်ဆောင်ရွက်ကြရန်ကိုလည်း မမေ့အပ်ပါပေ။

     
၎င်းအပြင် မြန်မာ့တိုင်းရင်းဆေးပညာသည် မြန်မာ့ရေမြေသဘာဝနှင့် ကိုက်ညီသော ဒေသနာနယ၊ ဘေသဇ္ဇနယ၊ နက္ခတ္တနယနှင့် သဇ္ဇာဓရနယဟူသော နယကြီး လေးပါးနှင့် ဖွဲ့စည်းတည်ဆောက်ထားသည့် ဆေးပညာဖြစ်သောကြောင့် အခြားနုင်ငံမှ ဆေးပညာများနှင့် မတူဘဲ တစ်မူထူးခြားလေးနက်မှုရှိပါသည်။ မြန်မာ့တိုင်းရင်းဆေးပညာသည် နူးည့ံသိမ်မွေ့နက်ရှိုင်းသော သဘောသဘာဝနှင့်အတူ အသွင်သဏ္ဍန်ရော အနှစ်သာရပါ ထူးခြားလေးနက်မှုရှိသော မြန်မာ့မူပိုင် ဆေးပညာဖြစ်သည့်အပြင် အခြေခိုင်မာစွာ ဖြစ်ခွန်းတည်တံ့လာသော  အမျိုးသားရေးဂုဏ်ဒြပ် ဆေးပညာလည်းဖြစ်ပါသည်။ အမျိုးသားရေးကို အစဉ်သဖြင့် တန်ဖိုးထား ထိန်းသိမ်းရှောက်ခဲ့ကြသော မြန်မာ့တိုင်းရင်းဆေးသမားတော်ကြီးများက ပြည်တွင်းက ရရှိသော နွယ်မြတ်သစ်ရွက် ပရဆေးမယ်များ၊ တိရိစ္ဆာန်ထွက်၊ ရေထွက်၊ မြေထွက် သံယံဇာတပစ္စည်းများနှင့် ဖော်စပ်ထားသော တိုင်းရင်းဆေးဝါးများကို ဆေးဝါးအဖြစ် တီထွင်ဖန်တီး ဖော်စပ်သုံးစွဲကြပြီး မြန်မာလူမျိုးများ၏ကျန်းမာရေးကို ခေတ်အဆက်ဆက် စောင့်ရှောက်ပေးခဲ့သည့်အတွက် ကျန်းမာအသက်ရှည်ခဲ့ကြသလို ကျန်းမာကြ့ံခိုင်ပြီး လက်ရုံးရည်၊ နှလုံးရည် ထက်မြက်မြင့်မားသော လူမျိုးများအဖြစ် ကမ္ဘာကအသိအမှတ်ပြုခြင်း ခံကြရခြင်းလည်း ဖြစ်ပါသည်။

   
နိုင်ငံတော်အစိုးရအနေနှင့် စည်းကမ်းရိုပြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်လျက် ပြည်သူများနှင့်အတူ အကောင်းဆုံးဖြစ်အောင် ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားပြီး ခေတ်မီဖွ့ံဖြိုး တိုးတက်သော ဒမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးမှာနိုင်ငံတော်က ချမှတ်ထားသော ဦးတည်ချက်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဋ္ဌာနမှ အနောက်တိုင်းဆေးပညာရှင်တွေနှင့်အတူ မြန်မာ့တိုင်းရင်းဆေးသမားတော်များကလည်း ဟန်ချက်ညီညီပူးပေါင်းလက်တွဲ ကြိုးပမ်းစွမ်းဆောင် အကောင်အထည်ဖော်နေကြတာကို တွေ့ရတဲ့အတွက် မိမိတို့တစ်မျိုးသားလုံး ကျန်းမာကြ့ံခိုင်နှင့်ပညာရည် မြင့်မားရေး ဦးတည်ချက်အပါအဝင် ဦးတည်ချက်ဟာအောင်အောင်မြင်မြင် အကောင်အထည်ပေါ်လာပြီဖြစ်ပါသည်။

          
မြန်မာ့တိုင်းရင်းဆေးသမားတော်များ၏ ပခုံးထက်သို့ ရောက်ရှိလျက်ရှိသော မြန်မာ့တိုင်းရင်းဆေးလောက၏ ဂုဏ်သက္ခာအဆင့်အတန်းမြင့်မားရေး ဝိုင်းဝန်းကြိုးပန်းဆောင်ရွက်ကြရမည့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြရေးအတွက် ကျင်းပလျက်ရှိသော (၁၈) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကြီး၏ မျှော်မှန်းချက်များနှင့် နှီးနှောဖလှယ်ပွဲရည်မှန်းချက်များ အောင်မြင်ပါစေ၊စည်းလုံးညီညွတ်စွာ ဆွေးနွေး၊ ညှိနှိုင်း၊ တိုင်ပင်၊ နှီးနှောနိုင်ကြပါစေ၊ ကျန်းမာရွင်လန်းကြပါစေ၊ မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကို တိုးမြင့် စောင့်ရှောက်ပေးနိုင်ပါစေ ဟုဆန္ဒပြုလိုက်ပါသည်။ ဤတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးထင်ကျော်၏ ဂုဏ်ပြုသဝဏ်လွှာကို ဖတ်ကြားလို့  ပြီးပါပြီး။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ
မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း