the republic of the union of myanmar

ministry of health

Department of Traditional Medicine

အကြိုညှိနှိုင်းဆွေးနွေးပွဲတွင် သဘာပတိ၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပြောကြားခဲ့သည့် အဖွင့်အမှာစကား

 

ရက်စွဲ။ ၂၇- ၁၂- ၂၀၁၈

          (၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲ အကြိုညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်လာကြသော တိုင်းရင်းဆေးပညာရှင် သမားတော်များ၊ ညီလာခံလာကိုယ်စားလှယ်တော်ကြီးများနဲ့ နှီးနွယ်ပညာရှင်များအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်း ဆက်သပါတယ် ခင်ဗျာ။

မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲကြီးကို နိုင်ငံတော် အစိုးရရဲ့ ကူညီပံ့ပိုးမှုနဲ့အတူ ၂၀၀၀ပြည့်နှစ်ကစပြီး ကျင်းပခဲ့တာဟာ အခုဆိုရင် (၁၉) ကြိမ်မြောက် ညီလာခံကြီး ကိုတောင် ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ ကျွန်တော့အနေနဲ့ ပထမဆုံးအကြိမ် အဖြစ် ဒီနေ့လို အခမ်းအနားမျိုးမှာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းဆေးသမားတော်များကို အခုလို တစုတစည်းတည်း ဆုံတွေ့ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ဒီကနေ့အခမ်းအနားဟာဆိုရင် မနက်ဖြန်မှာကျင်းပမယ့် ညီလာခံကြီးမှာ တိုင်းရင်းဆေးလောကအတွက်သာမက ပြည်သူ တစ်ရပ်လုံးအတွက်ပါ အကျိုးရှိစေမယ့် အဆိုတွေ၊ ထောက်ခံချက်တွေကို တင်သွင်းနိုင်ဖို့ အတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ယခုနှစ်ညီလာခံကြီးမှာ အဆိုတင်သွင်း/ ထောက်ခံ ကြဖို့အတွက် စီစဉ်ထားတဲ့ ခေါင်းစဉ်(၄)ခုကို တင်ပြချင်ပါတယ်။

 

 

ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ