the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဒုတိယသမ္မတ ဦးမြင့်ဆွေ (၁၉) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲတွင် ပြောကြားခဲ့သည့် ညီလာခံအဖွင့်မိန့်ခွန်း

 

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်

အားလုံးပဲ မင်္ဂလာပါ

        ဒီကနေ့ ကျင်းပပြုလုပ်တဲ့ (၁၉) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနဲ့ နှီးနှောဖလှယ်ပွဲကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနဲ့အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနဲ့ ယဉ်ကျေးမှုဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းရင်းဆေး ကောင်စီဝင်များ၊ တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်းမှ ပုဂ္ဂိုလ်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများက ဌာနေကိုယ်စားလှယ်များ၊ အစိုးရမဟုတ်တဲ့ အသင်းအဖွဲ့အသီးသီးက တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူလုပ်ငန်းရှင်များနဲ့တကွ ဧည့်သည်တော်ကြီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္ တာပို့သရင်း နှုတ်ခွန်းဆက်သ အပ်ပါတယ်။

မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကို (၂၀၀၀) ပြည့်နှစ်က စတင်ပြီး နှစ်စဉ်ကျင်းပလာခဲ့တာ အခုဆိုရင် (၁၉)ကြိမ်မြောက် ရှိပြီဖြစ်ပါတယ်။ ယခု ညီလာခံကို တိုင်းရင်းဆေးလောက ဘက်စုံအဆင့်အတန်း မြင့်မားရေးနဲ့ မြန်မာ့တိုင်းရင်းဆေးပညာ အရည်အသွေးတိုးတက်ရေး၊ တိုင်းရင်းဆေးဆရာတို့ရဲ့ ကျင့်ဝတ်သိက္ခာမြင့်မားရေး၊ မြန်မာ့တိုင်းရင်းဆေးပညာနဲ့ ပြည်သူများရဲ့ ကျန်းမာရေးကို ပိုမိုစောင့်ရှောက်မှုပေးနိုင်ရေး၊ မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တိုင်းရင်းဆေးဝါးများ ပိုမိုကောင်းမွန်လာစေရေး ဆိုတဲ့ ရည်ရွယ်ချက်များဖြင့် ကျင်းပတာ ဖြစ်ပါတယ်။

 

 

ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆ ေးဖက်အသေးဝင် ရောေးဆ ောင်ေးလက်ပပ်ပ
နွေဥတုအခါ နေထိုင်စားသောက်ရမည့်နည်းလမ်းများ
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း