အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ ဘာလီကျွန်းဆွယ်၌ ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ(၃၀)ရက်နေ့မှ ဒီဇင်ဘာလ(၁) ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့သည့် International Conference on Ayurveda and Traditional Healthcare in Southeast Asia (An ASEAN Umberella of Shared Heritage) အရှေ့ တောင်အာရှနိုင်ငံများတွင် အာယုဗ္ဗေဒဆေးပညာနှင့် တိုင်ရင်းဆေးပညာရပ်ဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးရာ၌ ဆေးပညာရပ်များဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် “Inter-relation between Traditional Medicines of Myanmar and Ayurveda” စာတမ်းအား မန္တလေးမြို့၊ တိုင်းရင်းဆေးတက္ကသိုလ်၊ ဆေးပညာဌာနမှ ဒေါ်အေးချမ်းသူဇာလှိုင်၊ နည်းပြ ဖတ်ကြားပေးခဲ့သည်။
အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ The Project for Human Resource Development Scholarship (JDS) ပညာသင်ဆုအစီအစဉ်ဖြင့် ဂျပန်နိုင်ငံ၊ Nagasaki University တွင် (၂၀၁၉-၂၀၂၀) ခုနှစ် ပညာသင်နှစ်အတွက် သင်ကြားပို့ချမည့် Master of Public Health (Health Administration/Policy) သင်တန်းသို့ ပညာသင်စေလွှတ် ရန်အတွက် အောက်ဖော်ပြပါ အရည်အချင်းနှင့်ပြည့်စုံသူများ လျှောက်ထားနိုင်ပါကြောင်း ရည်ညွှန်းစာဖြင့် အကြောင်းကြားလာ ပါသည်။
အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ China Development Bank (CDK),Yunnan Branch အထောက်အပံ့ဖြင့် အောက်ဖော်ပြပါ ပညာသင် ဆုများသို့ အရည်အချင်းပြည့်မီသူ ဝန်ထမ်းများသည် သက်ဆိုင်ရာ Website နှင့် ဆက်သွယ်၍ ယှဉ်ပြိုင်လျှောက်ထားနိုင်ပါကြောင်း အကြောင်းကြားလာပါသဖြင့် တိုင်းရင်းဆေးပညာဦးစီးဌာန လက်အောက်ရှိ ဌာနအသီးသီးမှ လျှောက်ထားလိုသူဝန်ထမ်းများသည် ညွှန်ကြားရေးမှူးချုပ်ရုံးခန်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနသို့ မိတ္တူပေးပို့၍ သက်ဆိုင်ရာ Website(http://www.csc. edu.cn/laihua)သို့ တိုက်ရိုက်လျှောက်ထားနိုင်ပါကြောင်း သိရှိနိုင်ပါရန် ပေးပို့အပ်ပါသည်။
၁။ အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ 2th Joint Call for South East Asia-Europe Joint Funding Scheme (SEA-EU-JFS) အတွက် မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် သုတေသနစင်တာများမှ စိတ်ပါဝင်စားသူများသည် အခြားအရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံနှင့် ဥရောပ နိုင်ငံများအကြား သုတေသနပူးပေါင်းလုပ်ဆောင်ရန် လျှောက်ထားနိုင်ပါကြောင်း၊ SEA-EU-JFS အရ ......
တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးဌာနမှူးရုံး၊ ဘာအံမြို့နှင့် နီပွန် ဖောင်ဒေးရှင်း တို့ ပူးပေါင်းဖွင့်လှစ်သော သဘာဝ ဆေးပင်အရင်းအမြစ်များထိန်းသိမ်း စီမံခန့်ခွဲမှု သင်တန်းများ ဘာအံမြို့နယ်တွင် (၂၈-၅-၂၀၁၈)ရက်နေ့မှ(၂၉-၅-၂၀၁၈)ရက်နေ့အထိ လည်းကောင်း၊ မြဝတီ မြို့နယ် လေးကေ့ကော်ဒေသတွင် (၂-၆-၂၀၁၈) ရက်နေ့မှ (၃-၆-၂၀၁၈) ရက်နေ့အထိလည်းကောင်း၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်တွင်(၄-၆-၂၀၁၈)ရက်နေ့မှ (၅-၆-၂၀၁၈)ရက်နေ့အထိ လည်းကောင်း သင်းတန်းများကို ကျင်းပခဲ့ပါသည်။