the republic of the union of myanmar

ministry of health

Department of Traditional Medicine

Master of Public Health(Health Administration / Policy) သင်တန်းအတွက် လျှောက်လွှာခေါ်ယူခြင်းအား အကြောင်းကြားခြင်း

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

တိုင်းရင်းဆေးပညာဦးစီးဌာန

စာအမှတ် ၊ တဆပ/နဆရ/၂၀၁၈ (              ) 

ရက်စွဲ၊    ၂၀၁၈ ခုနှစ်၊   စက်တင်ဘာလ        ရက်

သို့

          ပါမောက္ခချုပ်၊ တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးမြို့

          ညွှန်ကြားရေးမှူးများအားလုံး(စီမံခန့်ခွဲရေး၊ ကုသရေး၊ ဆေးဝါး/ဥယျာဉ်၊ သု-ဖွံ့)

          တိုင်းဒေသကြီး/ပြည်နယ်ဦးစီးဌာနမှူးများအားလုံး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊------။

          (မှတ်ချက်။        မိမိလက်အောက်ရှိ ဌာနခွဲများသို့ ဆက်လက်ဖြန့်ဝေပေးပါရန်)

          ဆေးရုံအုပ်ကြီး၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်)

          စက်ရုံမှူး၊ တိုင်းရင်းဆေးဝါးလုပ်ငန်းစက်ရုံ (ရန်ကုန်၊ မန္တလေး)

အကြောင်းအရာ။      Master of Public Health(Health Administration / Policy) သင်တန်းအတွက် လျှောက်လွှာခေါ်ယူခြင်းအား အကြောင်းကြားခြင်းကိစ္စ။

ရည် ညွှန်း ချက်။    ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏ (၂၈-၈-၂၀၁၈) ရက်စွဲပါ စာအမှတ်၊ ၁(က)(၁)၂၀၁၈(၁၁၈၂၂)ကလရ။

၁။      အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ The Project for Human Resource Development Scholarship (JDS) ပညာသင်ဆုအစီအစဉ်ဖြင့် ဂျပန်နိုင်ငံ၊ Nagasaki University တွင် (၂၀၁၉-၂၀၂၀) ခုနှစ် ပညာသင်နှစ်အတွက် သင်ကြားပို့ချမည့် Master of Public  Health (Health   Administration/Policy) သင်တန်းသို့ ပညာသင်စေလွှတ်ရန်အတွက် အောက်ဖော်ပြပါ အရည်အချင်းနှင့်ပြည့်စုံသူများ လျှောက်ထားနိုင်ပါကြောင်း ရည်ညွှန်းစာဖြင့် အကြောင်းကြားလာပါသည်။

၂။      သို့ဖြစ်ပါ၍ တိုင်းရင်းဆေးပညာဦးစီးဌာနလက်အောက်ရှိ ဌာနအသီးသီးမှ လျှောက်ထားလိုသူ ဝန်ထမ်းများသည် ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)မှတဆင့်ပေးပို့ လျှောက်ထားနိုင်ပါကြောင်း  သိရှိနိုင်ပါရန် ဆက်လက်အကြောင်းကြားအပ်ပါသည်။

လိုအပ်သောအရည်အချင်းများ

၁။      လျှောက်ထားသူနှင့် မိဘနှစ်ဦးစလုံးအပြင် ဇနီး/ခင်ပွန်းသည်လည်း နိုင်ငံသားဖြစ်ရပါမည်။

          (ဧည့်နိုင်ငံသားနှင့် ပြုနိုင်ငံသားများကိုလည်း လျှောက်ထားခွင့်ပြုပါသည်။)

၂။      လျှောက်ထားသူသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်တွင် အမြဲတမ်းဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ပြီး လျှောက်လွှာပိတ်သည့်နေ့တွင် အနည်းဆုံးအမှန်တကယ် အမှုထမ်းသက်(၂)နှစ်ရှိသူဖြစ်ရပါမည်။

၃။      လျှောက်ထားသူသည် M.B.B.S/ B.D.S/ B.N.Sc/ B.Comm.H/ B.Med.Tech/         B.Pharm/ B.M.T.M ဘွဲ့ရရှိထားသူဖြစ်ရပါမည်။

၄။      လျှောက်ထားသူသည် (၁.၄.၂၀၁၉) ရက်နေ့တွင် အသက်(၄၀)နှစ်အောက်ရှိသူဖြစ်ရပါမည်။

၅။      နိုင်ငံခြားတွင် (၆)လနှင့်အထက် သင်တန်းတက်ရောက်ပြီးသူဖြစ်ပါက မြန်မာနိုင်ငံသို့  ပြန်လည်ရောက်ရှိပြီး အနည်းဆုံး(၃)လ တာဝန်ထမ်းဆောင်ပြီးသူဖြစ်ရပါမည်။

၆။      သင်တန်းမှပြန်လည်ရောက်ရှိပါက နိုင်ငံ့ဝန်ထမ်းအဖြစ်(၄)နှစ် ပြန်လည်တာဝန်ထမ်းဆောင် နိုင်သူဖြစ်ရပါမည်။

  

ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)

(ဒေါက်တာသိန်းဇော်လင်း၊ ညွှန်ကြားရေးမှူး(သု-ဖွံ့))

 

မိတ္တူကို-

         ညွှန်ကြားရေးမှူးချုပ်ရုံးခန်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန

         ရုံးလက်ခံ/မျှောစာတွဲ

ပူးတွဲအပြည့်အစုံဖတ်ရှုပါ
ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ