ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
တိုင်းရင်းဆေးပညာဦးစီးဌာန
စာအမှတ် ၊ တဆပ/ဆေးဝါး-မှတ်/၂၀၁၈ ( ၃၀၆၆ )
ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင် လ ၁၇ ရက်
သို့
ပါမောက္ခချုပ်၊ တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးမြို့
အကြောင်းအရာ။ ပညာသင်ဆု လျှောက်ထားနိုင်ကြောင်း အကြောင်းကြားခြင်းကိစ္စ။
ရည် ညွှန်း ချက်။ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏ (၅-၇-၂၀၁၈) ရက်စွဲပါ စာအမှတ်၊ ၁(က)(၁)၂၀၁၈(၉၆၂၃)ကလရ
အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ China Development Bank (CDK),Yunnan Branch အထောက်အပံ့ဖြင့် အောက်ဖော်ပြပါ ပညာသင် ဆုများသို့ အရည်အချင်းပြည့်မီသူ ဝန်ထမ်းများသည် သက်ဆိုင်ရာ Website နှင့် ဆက်သွယ်၍ ယှဉ်ပြိုင်လျှောက်ထားနိုင်ပါကြောင်း အကြောင်းကြားလာပါသဖြင့် တိုင်းရင်းဆေးပညာဦးစီးဌာန လက်အောက်ရှိ ဌာနအသီးသီးမှ လျှောက်ထားလိုသူဝန်ထမ်းများသည် ညွှန်ကြားရေးမှူးချုပ်ရုံးခန်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနသို့ မိတ္တူပေးပို့၍ သက်ဆိုင်ရာ Website(http://www.csc. edu.cn/laihua)သို့ တိုက်ရိုက်လျှောက်ထားနိုင်ပါကြောင်း သိရှိနိုင်ပါရန် ပေးပို့အပ်ပါသည်။
CDB Scholarship: Chinese Language Program (Shandong University)
(1) 2-Year Language Program (2018)
(2) 1-Year intensive Chinese Language Program
Master Program for University of International Business and Economics (UIBE)
(1) International Trade (English)
(2) Finance (English)
(3) International Business (English)
(4) International Trade (Chinese)
(5) Master of International Business (MIB)(Chinese)
(6) Finance (Chinese)
(7) Business Management (Chinese)
(8) Accounting (Chinese)
(9) Business Administration (MBA)(Chinese)
ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)
(ဒေါက်တာသိန်းဇော်လင်း၊ ညွှန်ကြားရေးမှူး(သု-ဖွံ့))
- ညွှန်ကြားရေးမှူးများအားလုံး(စီမံခန့်ခွဲရေး၊ ကုသရေး၊ ဆေးဝါး/ဥယျာဉ်၊ သုတေသနနှင့်ဖွံ့ဖြိုးရေး)
- ပြည်နယ်/တိုင်းဒေသကြီးဦးစီးဌာနမှူးများအားလုံး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊
- ဆေးရုံအုပ်ကြီး၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်)
- စက်ရုံမှူး၊ တိုင်းရင်းဆေးဝါးလုပ်ငန်းစက်ရုံ (ရန်ကုန်၊ မန္တလေး)
မိတ္တူကို
- ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန
- ရုံးလက်ခံ/ မျှောစာတွဲ