the republic of the union of myanmar

ministry of health

Department of Traditional Medicine

2th Joint Call for South East Asia-Europe Joint Funding Scheme(SEA-EU-JFS)အတွက် မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် သုတေသနစင်တာများ လျှောက်ထားနိုင်ပါကြောင်း အကြောင်းကြားလာခြင်းကိစ္စ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

တိုင်းရင်းဆေးပညာဦးစီးဌာန

စာအမှတ် ၊ တဆပ/ဆေးဝါး-မှတ်/၂၀၁၈ ( ၃၀၆၇ ) 

ရက်စွဲ၊    ၂၀၁၈ ခုနှစ်၊  ဇူလိုင် လ    ၁၇    ရက်

သို့

          ပါမောက္ခချုပ်၊ တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးမြို့

 

အကြောင်းအရာ။2th  Joint  Call for South  East Asia-Europe  Joint  Funding  Scheme(SEA-EU-JFS)အတွက် မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် သုတေသနစင်တာများ လျှောက်ထားနိုင်ပါကြောင်း အကြောင်းကြားလာခြင်းကိစ္စ။

 

ရည် ညွှန်း ချက်။ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ (၆-၇-၂၀၁၈) ရက်စွဲပါ စာအမှတ်၊ နဆရ/အထွေထွေ/သတ-ပ/၂၀၁၈/၁၁၁၁၂

 

၁။      အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ 2th Joint Call for South  East Asia-Europe Joint Funding Scheme (SEA-EU-JFS) အတွက် မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် သုတေသနစင်တာများမှ စိတ်ပါဝင်စားသူများသည် အခြားအရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံနှင့် ဥရောပ နိုင်ငံများအကြား သုတေသနပူးပေါင်းလုပ်ဆောင်ရန် လျှောက်ထားနိုင်ပါကြောင်း၊ SEA-EU-JFS အရ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကဏ္ဍ(၂)ခုမှာ (Bioeconomy နှင့် Infectious Dieseases) တို့ဖြစ်ပြီး (၁၈-၉-၂၀၁၈)ရက်နေ့တွင် လျှောက်လွှာနောက်ဆုံးသွင်းရမည်ဖြစ်ပါသဖြင့် အသေးစိတ် အချက်အလက်များအား  www.dri.gov.mm နှင့်  https://www.sea-eu-jfs.eu/ website တို့တွင် ဝင်ရောက်ကြည့်ရှု၍  SEA-EU-JFS  အတွက်  စီမံကိန်းအဆိုပြုလွှာများအား လျှောက်ထားနိုင်ပါကြောင်း ရည်ညွှန်းစာဖြင့် အကြောင်းကြားလာပါသည်။

၂။      သို့ဖြစ်ပါ၍ SEA-EU-JFS အတွက် စီမံကိန်းအဆိုပြုလွှာ လျှောက်ထားလိုသူများသည် ညွှန်ကြားရေးမှူးချုပ်ရုံးခန်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနသို့ မိတ္တူပေးပို့၍ သက်ဆိုင်ရာ Website မှတဆင့် လျှောက်ထားနိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

 

                                        ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)

          (ဒေါက်တာသိန်းဇော်လင်း၊ ညွှန်ကြားရေးမှူး(သု-ဖွံ့))

- ညွှန်ကြားရေးမှူးများအားလုံး(စီမံခန့်ခွဲရေး၊ ကုသရေး၊ ဆေးဝါး/ဥယျာဉ်၊ သုတေသနနှင့်ဖွံ့ဖြိုးရေး)

- ပြည်နယ်/တိုင်းဒေသကြီးဦးစီးဌာနမှူးများအားလုံး၊ တိုင်းရင်းဆေးပညာဦးစီးဌာန

- ဆေးရုံအုပ်ကြီး၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်)

- စက်ရုံမှူး၊ တိုင်းရင်းဆေးဝါးလုပ်ငန်းစက်ရုံ (ရန်ကုန်၊ မန္တလေး)

 

မိတ္တူကို

 -  ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန

 -  ရုံးလက်ခံ/ မျှောစာတွဲ

ပူးတွဲအပြည့််အစုံ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ