the republic of the union of myanmar

ministry of health

Department of Traditional Medicine

Latest news

ဆောင်ရွက်ချက်များ

၂၀၂၃ ခုနှစ်၊ မေလ ၂၇ ရက် နေ့လယ် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို (၁၆)ခုတင်ဆံ့ ထားဝယ်တိုင်းရင်းဆေးရုံ ကျင်းပခဲ့ပါသည်။

အဆိုပါ သဘာပတိအဖြစ် တနင်္သာရီတိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးဌာနမှူး-(ငြိမ်း) ဆရာကြီး ဦးမြင့်သိန်းလွင် မှ ဆောင်ရွက်ပေးခဲ့ပါသည်။ သွေးဆုံးမီးယပ်ရောဂါစာတမ်းကို ထားဝယ်ခရိုင် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ပွင့်ဖြူဖြူသော်မှ ဖတ်ကြားခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ စုစုပေါင်း (၃၀)ဦး တက်ရောက်ကြပြီး တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်း အကြံပြု ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်ဖတ်ရှုပါ

၂၀၂၃ ခုနှစ်၊ မေလ ၂၅ရက် နေ့လယ် (၂ : ၀၀)နာရီတွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေး အစီအစဉ် Continuing Traditional Medicine Education (CTME) Programme အခမ်းအနားကိုကျင်းပ ပြုလုပ်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါ

ဧရာ၀တီတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန ပုသိမ်မြို့ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ၂၃-၅-၂၀၂၃ ရက်နေ့တွင် တိုင်းရင်းဆေးပညာစဥ်ဆက်မပြတ်ပညာပေးရေးအစီအစဥ် CTME သွေးဆုံးမီးယပ်ရောဂါ ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါ

ပဉ္စမအကြိမ် အာဆီယံတိုင်းရင်းဆေးဝါးနှင့်ကျန်းမာရေးဖြည့်စွက်စာဆိုင်ရာ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်သင်တန်း ဖွင့်ပွဲကို (၁၆-၅-၂၀၂၃) (အင်္ဂါနေ့)တွင် အမျိုးသားပရဆေးဥယျာဉ်၊ နေပြည်တော်၌ ကျင်းပခဲ့ကြောင်းသိရှိရပြီး အဆိုပါ အခမ်းအနားတွင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ ဥက္က္ဌဋ္ဌ၊  မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်၊ တိုင်းဒေသကြီး/ပြည်နယ်(၈)ခုရှိ ပုဂ္ဂလိက တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်း(၃၅)ခုတို့မှ လုပ်ငန်းရှင်များ၊ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)၊ တိုင်းဒေသကြီးပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှူးများ တိုင်းရင်းဆေးတက္ကသိုလ်နှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံ(မန္တလေး)မှ ဝန်ထမ်းသင်တန်းသားများ အပါအဝင် သင်တန်းသားများ တက်ရောက်ကြပါသည်။

ဆက်လက်ဖတ်ရှုပါ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်၀င်း၀င်းမြိုင် ဦးဆောင်သောအဖွဲ့သည် တောင်ကုတ်မြို့နယ် ကင်းတောင်ကျေးရွာ၌ ၂၁-၅-၂၀၂၃ ရက်နေ့တွင် တိုင်းရင်းဆေးပညာဖြင့်အခမဲ့ဆေးကုသမှု ဆောင်ရွက်ရာတွင် လူနာ ကျား(၃၀)ဦး၊ မ(၅၀) ဦး  စုစုပေါင်း(၈၀)ဦး  တို့အား ကျန်းမာရေးစောင့်‌ရှောက်မှုပြုခဲ့ပါကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်ဖြစ်သော အစာလည်းဆေး၊ဆေးလည်းအစာ စောင်းလျားသီးအကြောင်း သိကောင်းစရာ
အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ
ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ