the republic of the union of myanmar

ministry of health

Department of Traditional Medicine

Latest news

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

ဆောင်ရွက်ချက်များ

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခင်ဝင်းရွှေ တို့သည် ၁၃-၈-၂၀၂၃ရက်နေ့တွင် ကျောက်ဖြူမြို့၊ ကုလားဘာတောင်ရပ်ကွက်၌ ကွင်းဆင်း ဆေးကုသမှုဆောင်ရွက်ခဲ့ရာ လူနာ ကျားလူကြီး (၁၃)ဦး၊ မလူကြီး (၃၀)ဦး၊ ကလေးကျား (၁)ဦး၊ ကလေးမ (၁)ဦး၊ စုစုပေါင်း (၄၅)ဦးတို့အား  ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး၊ လူဦးရေ(၅၀)ဦး အား တိုင်းရင်းဆေးဖြင့်ကျန်းမာရေး အသိပညာပေးဟောပြော ခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုပါ

တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် Continuing Traditional Medicine Education Programme (CTME)  အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်က တနင်္သာရီတိုင်းဒေသကြီး  (၂၅)ခုတင်ဆံ့ မြိတ် တိုင်းရင်းဆေးရုံ၌  ကျင်းပပြုလုပ်ခဲ့ပါသည်။  

သဘာပတိအဖြစ် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို) အဖွဲ့ဝင် ဆရာကြီးဦးတင်ဝင်းမှ ဆောင်ရွက်ခဲ့ပါသည်။ ထိပ်ကပ်နာအ​ကြောင်း စာတမ်းကို မြိတ်ခရိုင် တိုင်းရင်းဆေး ပညာဦးစီးဌာန ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခင်မာကြူက ​ဖတ်ကြားတင်ပြကာ စိတ်ပါဝင်စားသူများမှ  ဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို စုစုပေါင်းတက်ရောက်သူ (၁၀)ဦးရှိပြီး  နေ့လယ် (၁၁:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် Continuing Traditional Medicine Education Programme (CTME)  အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်၊ နံနက်(၁၀:၀၀) နာရီက ပဲခူးတိုင်းဒေသကြီး (၂၅)ခုတင်ဆံ့ ပြည်တိုင်းရင်းဆေးရုံ၌  ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်အတွင်း အသေးစား အငယ်စား အလတ်စား စီးပွားရေးလုပ်ငန်း (MSMES) ထုတ်ကုန်ပြပွဲနှင့် မိုးရာသီစျေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို (၁၂-၇-၂၀၂၃)ရက်နေ့တွင် ကျင်းပရာ  တိုင်းရင်းဆေးပညာဦးစီးဌာနမှူးရုံးမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်သက်စံက ကြီးကြပ်ဆောင်ရွက်၍ တိုင်းရင်းဆေးပညာဦးစီးဌာနသုံး တိုင်းရင်းဆေးဝါးများအား ခင်းကျင်းပြသခြင်း၊ ခရိုင်အတွင်းရှိ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများမှတိုင်းရင်းဆေးဝါးများကိုပြသရောင်းချခြင်းများဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အဆိုပါ ထုတ်ကုန်ပြပွဲနှင့် မိုးရာသီစျေးရောင်းပွဲတော်ကာလမှာ (၁၂-၇-၂၀၂၃)ရက်နေ့မှ (၁၅-၇-၂၀၂၃)ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်းသိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ရခိုင်ပြည်နယ် အမ်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ   မြို့နယ်တိုင်းရင်းဆေးမှူး  ဦးနေဝင်းအောင် သည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ အမ်းမြို့နယ် လုံးကောက်ကျေးရွာတွင်ကွင်းဆင်းဆေးကုသခဲ့ရာလူနာကျား (၃၃) ဦး၊မ (၄၅) ဦး၊စုစုပေါင်းလူနာဦးရေ (၇၈) ဦး တို့အား တိုင်းရင်း​​ဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် တိုင်းရင်းဆေးပညာ
အိမ်ရှင်မများအတွက် ကျန်းမာရေးလက်ဆောင်စကား၊ ကြောင်လျှာပင်၏ဆေးဖက်ဝင်ပုံများ
အိမ်ရှင်မများအတွက် အစာလည်းဆေး ဆေးလည်းအစာ ကန်စွန်းပင်အကြောင်းသိကောင်းစရာ
ဆေးဖက်အသုံးဝင် ငရံ့ပတူပင်