the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်အတွင်း အသေးစား အငယ်စား အလတ်စား စီးပွားရေးလုပ်ငန်း (MSMES) ထုတ်ကုန်ပြပွဲနှင့် မိုးရာသီစျေးရောင်းပွဲတော်တွင်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများမှတိုင်းရင်းဆေးဝါးများကိုပြသရောင်းချခြင်း

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်အတွင်း အသေးစား အငယ်စား အလတ်စား စီးပွားရေးလုပ်ငန်း (MSMES) ထုတ်ကုန်ပြပွဲနှင့် မိုးရာသီစျေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို (၁၂-၇-၂၀၂၃)ရက်နေ့တွင် ကျင်းပရာ  တိုင်းရင်းဆေးပညာဦးစီးဌာနမှူးရုံးမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်သက်စံက ကြီးကြပ်ဆောင်ရွက်၍ တိုင်းရင်းဆေးပညာဦးစီးဌာနသုံး တိုင်းရင်းဆေးဝါးများအား ခင်းကျင်းပြသခြင်း၊ ခရိုင်အတွင်းရှိ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများမှတိုင်းရင်းဆေးဝါးများကိုပြသရောင်းချခြင်းများဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အဆိုပါ ထုတ်ကုန်ပြပွဲနှင့် မိုးရာသီစျေးရောင်းပွဲတော်ကာလမှာ (၁၂-၇-၂၀၂၃)ရက်နေ့မှ (၁၅-၇-၂၀၂၃)ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်းသိရှိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း
အစာလည်းဆေး၊ ဆေးလည်းအစာ ဖလံတောင်ဝှေးပင်အကြောင်း သိကောင်းစရာ