the republic of the union of myanmar

ministry of health

Department of Traditional Medicine

Latest news

ဆောင်ရွက်ချက်များ

ပဲခူးတိုင်းဒေသကြီး ရေတာရှည်​မြို့ (၁၆) ခုတင်​ဆံ့  တိုင်းရင်း​ဆေးရုံမှ ဒုတိယတိုင်းရင်း​ဆေးမှုး​ ဒေါ်ခင်​စန်းလှိူင်​နှင့်​ မြို့နယ်တိုင်းရင်း​ဆေးကဌာနမှ ဒုတိယတိုင်းရင်း​ဆေးမှူး ​ဒေါ်​မေနှင်း တို့ပါဝင်သောအဖွဲ့သည် ၄-၄-၂၀၂၃ ရက်နေ့တွင် ပုဂံ​တောင်​ရွှေဂူ​တောရ စာသင်​တိုက်​သို့သွား​ရောက်​၍ သီလရှင်​ဆရာကြီး/ဆရာ​လေး (၂၇)ပါး အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာ​ရေး​စောင့်​ရှောက်​မှုပေးခဲ့ပါသည်​။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်းဒေသကြီး  တိုင်းရင်းဆေးပညာဦးစီးဌာန နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်  တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးအောင်ညို  ပါဝင်သောအဖွဲ့သည် ၄-၄-၂၀၂၃ ရက်နေ့တွင် ဇီးကုန်းမြို့ အားကစားခန်းမ၌ ကျင်းပနေသော နွေရာသီအခြေခံအားကစားသင်တန်းမှ "အားကစားပြုလုပ်ခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများ"အကြောင်းကို တိုင်းရင်းဆေးပညာဖြင့် ပညာပေးဟောပြောဆောင်ရွက်ရာတွင် သင်တန်းသူသင်တန်းသား(၇၀)ဦးခန့်အား ပို့ချခဲ့ပါကြောင်း သိရှိရပါသည်။

 

ဆက်လက်ဖတ်ရှုပါ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် ၃-၄-၂၀၂၃ ရက်နေ့တွင် ဓမ္မာစရိယ၊ ပထမပြန် စာမေးပွဲဖြေဆိုကြသည့် သံဃာတော်များ၊ သီလရှင်များကို ကွင်းဆင်းဆေး ကုသခဲ့ကြ စုစုပေါင်းအပါး(၃၀)အား ဆေးကုသပေးခဲ့ပါကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါ

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းခရိုင် တိုင်းရင်းဆေးကုဌာနမှ ၁.၄.၂၀၂၃ ရက်နေ့ စနေနေ့ နေ့လယ် (၃)နာရီ မှ (၅)နာရီအထိ ကျောက်ပန်းတောင်းမြို့ရှိ အောင်မြေကျောင်းတိုက်၌  ရောဂါကြီး (၆)မျိုးအကြောင်း  အသိပညာပေးဟောပြောခဲ့ပြီး အမျိုးသားလူနာ (၂၅)ဦး အမျိုးသမီးလူနာ (၁၄)ဦး စုစုပေါင်း(၃၉)ဦးတို့ အား အခမဲ့ကွင်းဆင်းဆေးကုသမှု့ဆောင်ရွက်ခဲ့ပါကြောင်းသိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးကုဌာနမှ ၁-၄-၂၀၂၃ ရက်နေ့တွင် ဖြူးမြို့သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်သော အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပရာတွင် Medical Cover ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း