ရန်ကုန်တိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့ ရန်ကုန်တိုင်းရင်းဆေးရုံမှ အကြီးတန်းတိုင်းရင်းဆေးမှူး ဒေါ်ရီရီလှ ဦးဆောင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် ၂၂-၅-၂၀၂၃ ရက်နေ့တွင် ဗဟန်းမြို့နယ်၊ ဗိုလ်ချို(၂) ရပ်ကွက်အတွင်းရှိ အမျိုးသမီးသက်မွေးပညာသင်ကျောင်း၌ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် အခမဲ့ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူနာ ကျား (၁)ဦး၊ မ(၂၄)ဦး စုစုပေါင်း (၂၅)ဦး အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းသိရှိရသည်။
နေပြည်တော် ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံကြီမှ ဆေးရုံအုပ်ကြီးဦးဆောင်၍ ဆရာ/ဆရာမများပါဝင်သော အဖွဲ့သည် ၂၀-၅.-၂၀၂၃ ရက်နေ့တွင် ဇေယျာသီိရမြို့နယ် ကျည်တောင်ကျေးရွာ၌ ကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် အခမဲ့ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် လူနာ ကျား (၄၀)ဦး ၊ မ (၁၁၃) ဦး စုစုပေါင်း(၁၅၂) ဦး တို့အား ကျန်းမာရေးစောင့်ရှောက့်မှုပေးနိုင်ခဲ့ပါကြောင်း သိရှိရသည်။
ပဲခူတိုင်းဒေသကြီး သာယာဝတီခရိုင် စစ်ကွင်း(မင်းလှ)မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၂၀-၅-၂၀၂၃ ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နော်ထီးနဲမူးသည် ဗျက်ကြီးကျေးရွာအုပ်စုဗျက်ကြီးလမ်းဝင်စုကျေးရွာ၌ လူနာ ကျား(၃၀)ဦး ၊မ(၃၀)ဦးအား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(ဖြည့်စွက်) (၄)စောင်အား ထုတ်ပြန်ကြော်ငြာခြင်း
Thu , Apr 20 2023 - 04 pm၆-၄-၂၀၂၃ ရက်နေ့တွင် ခွင့်ပြုသည့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(ဖြည့်စွက်) (၄)စောင်အား ထုတ်ပြန်ကြော်ငြာအပ်ပါသည်-
၁၂ ကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲအတွက် စာတမ်း/ပိုစတာများ ဖိတ်ခေါ်ခြင်း
Thu , Apr 20 2023 - 07 am(၁၂) ကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲကို တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး၌ ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ လူကြီးမင်းဌာနမှ တိုင်းရင်းဆေးပညာဆိုင်ရာစာတမ်းများ တင်သွင်းဖတ်ကြားနိုင်ပါရန် အသိပေးဖိတ်ခေါ်အပ်ပါသည်-