the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကရင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန ခုတင်(၅၀)ဆံ့ ဘားအံတိုင်းရင်းဆေးရုံတွင် CTME တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် သွေးဆုံးမီးယပ်ရောဂါစာတမ်းဖြင့် ကျင်းပခြင်း

အဆိုပါအခမ်းအနားတွင် သွေးဆုံးမီးယပ်ရောဂါစာတမ်းကို မြဝတီမြို့နယ် တိုင်းရင်းဆေး ကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဦးမျိုးမင်းသူ ပြုစုရေးသား၍ ခုတင်၅၀ဆံ့ ဘားအံ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်နိုင်နိုင်ဝင်းမှ ဖတ်ကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော ဆရာ/ဆရာမများမှ စာတမ်းနှင့် ပတ်သက်သည့် သိရှိလိုသည်များကို ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြပါသည်။

အဆိုပါအခမ်းအနားသို့ ကရင်ပြည်နယ်တိုင်းရင်းဆေးဆရာအသင်းခွဲမှ ဆရာ/ဆရာမများ၊ တိုင်းရင်းဆေးရုံနှင့် ပြည်နယ်၊ခရိုင်၊ မြို့နယ်တိုင်းရင်းဆေးကုဌာနတို့မှ ဆရာ/ဆရာမ စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း
အစာလည်းဆေး၊ ဆေးလည်းအစာ ဖလံတောင်ဝှေးပင်အကြောင်း သိကောင်းစရာ