ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှု တို့ဖြင့် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဆရာ/ဆရာမများသည် ၁၆-၆-၂၀၂၂ ရက်နေ့၌ ကော့သောင်းမြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် တိုင်းရင်းဆေးပညာဖြင့် ဟောပြောခြင်းနှင့် ၁၈-၆-၂၀၂၂ ရက်နေ့တွင် မြိတ်မြို့ ဘိုးဘွားရိပ်သာ၌ ကွင်းဆင်းဆေးကုသခြင်း များ ပြုလုပ်ခဲ့ရာတွင် ဆေးကုသခံ လူနာဦးရေ စုစုပေါင်း (၂၁)ဦး အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပါသည်။
ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး ရန်ကုန်မှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခြင်း
Tue , Jun 28 2022 - 09 amကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှု တို့ဖြင့် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး ရန်ကုန်မှ ဆရာမများသည် ၆-၆-၂၀၂၂ ရက်နေ့တွင် ဗဟန်းမြိုနယ်၊ သမိဒေါဒယသီလရှင်စာသင်တိုက်သို့ တိုင်းရင်းဆေးပညာဖြင့် အခမဲ့ ကွင်းဆင်း ဆေးကုသမှုပြုခဲ့ပါသည်။ လာရောက်ဆေးကုသခံယူသူ လူနာ(၄၈)ဦးရှိခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးဌာနမှူး ဦးဆောင်မှုဖြင့် ခုတင်(၅၀)ဆံ့ အေးသာယာ(တောင်ကြီး) တိုင်းရင်းဆေးရုံ ဆေးရုံအုပ်ဒေါ်ချိုနှင့် ဆရာမများမှ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ရှိ သံဃာ၊ သီလရှင်နှင့် လူပုဂ္ဂိုလ် (၁၃၈) ဦး တို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်ဆေးကုသမှုပေးခြင်း နှင့် ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ကြီးကြပ်စီစဉ်ပေးမှု တို့ဖြင့် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး နေပြည်တော်မှ ဒုတိယဆေးရုံအုပ်ဦးဆောင်၍ ကုသရေးဝန်ထမ်း(၇)ဦးတို့သည် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ကိုးရွာသပြေကုန်းကျေးရွာအုပ်စု ကိုးရွာ သပြေကုန်းကျေးရွာသို့ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းသွားဆေးကုသခဲ့ပါသည်။ ယင်းကျေးရွာနှင့်အနီးပတ်ဝန်းကျင် ကျေးရွာနေ ပြည်သူများအား ယနေ့ နံနက် (၉:၀၀) နာရီမှ (၁၂:၀၀) နာရီထိ တိုင်းရင်းဆေးပညာဖြင့်အခမဲ့ ဆေးကုသမှုပေးခြင်း၊ မျက်နှာအကာ (face Mask) များ ဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ (၉-၉-၂၀၂၀) ရက်နေ့မှစ၍ ရုံးဌာနအသီးသီးသို့ ရုံးကိစ္စဆောင်ရွက်ရန် ခေါ်ယူခြင်းခံရသူများမှလွဲ၍ ကျန်ပြင်ပ ပုဂ္ဂိုလ်များ ဝင်ရောက်မှုအား တားမြစ်သွားရန်နှင့် ရုံးစာပို့ခြင်းနှင့် စပ်လျဉ်း၍ ရုံးအားလုံး၏ စာပေးစာယူဌာနနှင့်သာ ဆက်သွယ်ဆောင်ရွက်စေပြီး ရုံးခန်းများအတွင်းသို့ ဝင်ထွက်သွားလာမှုကို ကန့်သတ်သွားရန် ထုတ်ပြန်ထားရှိပါသဖြင့် ဆေးဝါးဌာန၏ တိုင်းရင်းဆေးဝါးမှတ်ပုံတင်၊ ထုတ်လုပ်ခွင့်လိုင်စင်နှင့် အထွေထွေကိစ္စရပ်များနှင့် ပတ်သက်၍ လုပ်ငန်းရပ်ဆိုင်းခြင်းမဖြစ်စေရန်အတွက် -