the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၌ CTME တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် “သွေးဆုံးမီးယပ်ရောဂါ” ခေါင်းစဉ်ဖြင့် အခမ်းအနားကျင်းပခြင်း

အဆိုပါအခမ်းအနား၌ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ နေပြည်တော်မှ စာတမ်းရှင် တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်သူက သွေးဆုံးမီးယပ်ရောဂါနှင့် တိုင်းရင်းဆေးပညာအကြောင်းကို ဖတ်ကြားဆွေးနွေး ခဲ့ပါသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီမှ (၁)ဦး၊ တိုင်းရင်ဆေးပညာဦးစီးဌာန ကုသရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းဆင့်ဆင့်၊ ဖွံ့ဖြိုးရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီစန်း၊ နေပြည်တော်တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါ်ကြည်ကြည်နွယ်၊ ဒုတိယတိုင်းဦးစီးဌာနမှူး ဦးမြင့်အောင်၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ နေပြည်တော်မှ ဆေးရုံအုပ်ကြီး ဒေါ်မူမူချိုနှင့် ဆရာ/ဆရာမ (၂၅)ဦး စုစုပေါင်း(၃၀)ဦး တက်ရောက်ကာ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်း အကြံပြု ဆွေးနွေးခဲ့ကြပါသည်။

စာတမ်းတင်ပြဆွေးနွေးပေးပါသော စာတမ်းရှင်အား ဆရာကြီးဦးမောင်မောင်ဦး “ဂရိတ်ဝေါ” တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးက ချီးမြှင့်ငွေကျပ် (၁)သိန်းတိတိကို ဆရာကြီးဦးမောင်မောင်ဦး ကိုယ်စား ယနေ့ အခမ်းအနား၏ သဘာပတိ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီအလုပ်အမှုဆောင် အဖွဲ့ဝင် ဆရာကြီး ဦးဝင်းမြင့်ဦးက ဆုချီးမြှင့်ခဲ့ပါသည်။

အခမ်းအနားဖြစ်မြောက်ရေးအတွက် ဆေးရုံးအုပ်ကြီး ဒေါ်မူမူချိုက ဦးဆောင်ပြီး ဆရာကြီး ဦးမောင်မောင်ဦး “ဂရိတ်ဝေါ” တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးက ပံ့ပိုးကူညီပေးခဲ့ပြီး အခမ်းအနားကို ညနေ (၄:၀၀) နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရှိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း
အစာလည်းဆေး၊ ဆေးလည်းအစာ ဖလံတောင်ဝှေးပင်အကြောင်း သိကောင်းစရာ