the republic of the union of myanmar

ministry of health

Department of Traditional Medicine

Latest news

ဆောင်ရွက်ချက်များ

တိုင်းရင်းဆေးတက္ကသိုလ်မှ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်းနှင့် ဆေးပညာဌာန ပါမောက္ခ/ ဌာနမှူး ပါမောက္ခဌေးလွင်၊ သုတေသနဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်တာရာမြင့်တို့ ဦးဆောင်၍ ဌာနအသီးသီးမှ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများသည် ၁၀-၉-၂၀၂၃ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာအုပ်စု၊ သုံးတောင်ကျေးရွာ၊ ကျောက်ဖျာဒိုးကျေးရွာ၊ ကျင်ဂနိုင် ကျေးရွာများ၌ စတုတ္ထနှစ်ကျောင်းသား/ကျောင်းသူများအတွက် သင်ရိုးညွှန်းတမ်းပါ အတိုင်း ကွင်းဆင်း ဆေးကုသခြင်း၊ ပြည်သူ့ဘဝလေ့လာရေးသုတေသန စစ်တမ်းကောက်ယူခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး မန္တလေးတိုင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်တိုင်းရင်းဆေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က လိုအပ်သည်များ ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရာ လူနာ (၁၃၀)ဦးကို ဆေးကုသပေးနိုင်ခဲ့ပြီး လိုအပ်သောဆေးဝါးများကို တိုင်းရင်းဆေးဝါး စက်ရုံ( မန္တလေး)မှ ပံ့ပိုးပေးခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုပါ

၁။       ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေး ပညာဦးစီးဌာနအောက်ရှိ တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးသို့ ပထမဦးစားပေး လျှောက်ထားလို သူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့(အဆင့်မြင့်ပညာဦးစီးဌာန)မှ ထုတ်ပေး သည့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ဖြင့် လျှောက်ထားရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုပါ

၁။       ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် လက်ထောက်တိုင်းရင်းဆေးမှူး (လစာနှုန်း၊ ၂၁၆၀၀ဝိ-၂၀၀၀-၂၂၆၀၀ဝိ)ရာထူး (၁၀၀)နေရာအတွက် အောက်ပါအရည်အချင်းသတ်မှတ်ချက်နှင့် ပြည့်စုံသူများ လျှောက်ထားနိုင်ပါသည်-

ဆက်လက်ဖတ်ရှုပါ

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန် ပြီး ဘေးအန္တရာယ်ကင်းရှင်းသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုပါ

ရခိုင်ပြည်နယ် အမ်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး  ဦးနေဝင်းအောင်တို့သည် ၁၃- ၈- ၂၀၂၃ရက်နေ့တွင် အမ်းမြို့နယ်၊ စျေးရပ်ကွက်၊ ဇာဒီမော်ကျေးရွာ၌    ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ လူနာကျားလူကြီး(၂၁)ဦး၊ မကြီ (၂၇)ဦး၊ ကလေးကျား(၄)ဦး၊ ကလေးမ(၈)ဦး၊ စုစုပေါင်း (၆၀) ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး၊ ကျေးလက်နေပြည်သူ (၃၀)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်ဖြစ်သော အစာလည်းဆေး၊ဆေးလည်းအစာ စောင်းလျားသီးအကြောင်း သိကောင်းစရာ
အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ
ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ