the republic of the union of myanmar

ministry of health

Department of Traditional Medicine

Latest news

ဆောင်ရွက်ချက်များ

ရခိုင်ပြည်နယ် ကျောက်တော်မြို့  (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဦးဗိုလ်စံသိန်းနှင့် ဒုတိယတိုင်းရင်းဆေးမှူး  ဦးဇော်ရဲအောင်တို့သည် ကျောက်တော်မြို့၊ ပိုက်သယ်ရပ်ကွက် (ကယ်ဆယ်ရေးစခန်း)၌ ကွင်းဆင်းဆေးကုသမှုပေးခဲ့ရာ လူနာ  ကျား (၃၀)  ဦး၊ မ ( ၇၃)  ဦး၊ စုစုပေါင်း လူနာဦးရေ ( ၁၀၃)  ဦးတို့အား တိုင်းရင်းဆေးဖြင့်  ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ကရင်ပြည်နယ် ဘားအံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဌေးဌေးနွယ်သည် ၃၀-၆-၂၀၂၃ ရက်နေ့တွင် အ.မ.က(၅)မူလွန်ကျောင်း၌ ကျောင်းကျန်းမာရေးကွင်းဆင်းကုသရေးဆောင်ရွက်ရာတွင် ကျား-ကလေး(၃၀)ဦး၊ မ-ကလေး (၄၂)ဦး စုစုပေါင်း (၇၂)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက် ခဲ့ပါကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ရခိုင်ပြည်နယ်  တိုင်းရင်းဆေးကုဌာန ပြည်နယ်၊ခရိုင်၊ဆေးရုံတို့မှ စစ်တွေမြို့နယ်၊ချောင်းနွယ်ကျေးရွှာဘုန်းတော်ကြီးကျောင်း၌ ပြည်နယ်ကျန်းမာအထူးကုအဖွဲ့များနှင့်ပူးပေါင်း၍ ကွင်းဆင်းဆေးကုသရာကျာလူကြီး ၁၈ ဦး မ လူကြီး ၄၄ ဦးစုစုပေါင်း ၆၂ ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် တိုင်းရင်းဆေးကုဌာနနှင့် ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲမြို့နယ် တိုင်းရင်းဆေးကုဌာနများမှ ဆရာ/ဆရာမများသည် ၂၂-၆-၂၀၂၃ ရက်နေ့တွင်ဖွင့်လှစ်ခဲ့သည့်  ဖျာပုံခရိုင်ဒေသအတွင်း အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း (MSMEs) ထုတ်ကုန်ပြပွဲနှင့် မိုးရာသီဈေးရောင်းပွဲတော်တွင် တိုင်းရင်းဆေးပညာပေးပြခန်းများပြသခြင်းဆောင်ရွက်ခြင်းနှင့် ဖျာပုံခရိုင်ရှိ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း(၉)ခုတို့မှ တိုင်းရင်းဆေးဝါးများ ပြသခြင်းရောင်းချခြင်း ဆောင်ရွက်ခဲ့ပြီး ပြပွဲနှင့်ဈေးရောင်းပွဲတော်ကာလမှာ ၂၂-၆-၂၀၂၃ မှ ၂၆-၆-၂၀၂၃ ရက်နေ့အထိ စုစုပေါင်း (၅)ရက်ကြာ ပြသရောင်းချရမည်ဖြစ်ပါကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

          ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အမျိုးသားပရဆေးဥယျာဉ်တွင် နေပြည်တော်တိုင်းရင်းဆေးရုံ ကြီး၏ ပြင်ပလူနာဌာနခွဲဖွင့်လှစ်နိုင်ရေးကို အကြိုလှုပ်ရှားမှုအနေဖြင့် ၁၇-၆-၂၀၂၃ ရက်နေ့တွင် ဒုတိယ အကြိမ် နေပြည်တော်ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံ ဒုတိယဆေးရုံအုပ် ဦးလှမော်နှင့် အကြောအရိုး အဆစ်ရောဂါကုဌာနတာဝန်ခံ အကြီးတန်းတိုင်းရင်းဆေးမှူး ဦးကျော်စွာဝင်းတို့က ဦးဆောင်ပြီး ကွင်းဆင်း ဆေးကုသရေးအဖွဲ့သည် ဥတ္တရသီရိခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ဇလောင်း(မြောက်) ကျေးရွာသို့ ပြည်သူလူထုအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ကွင်းဆင်းဆေးကုသ ပေးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆ ေးဖက်အသေးဝင် ရောေးဆ ောင်ေးလက်ပပ်ပ
နွေဥတုအခါ နေထိုင်စားသောက်ရမည့်နည်းလမ်းများ
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့