the republic of the union of myanmar

ministry of health

Department of Traditional Medicine

Latest news

ဆောင်ရွက်ချက်များ

တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် Continuing Traditional Medicine Education Programme (CTME)  အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်၊ နံနက်(၁၀:၀၀) နာရီက ပဲခူးတိုင်းဒေသကြီး (၂၅)ခုတင်ဆံ့ ပြည်တိုင်းရင်းဆေးရုံ၌  ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်အတွင်း အသေးစား အငယ်စား အလတ်စား စီးပွားရေးလုပ်ငန်း (MSMES) ထုတ်ကုန်ပြပွဲနှင့် မိုးရာသီစျေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို (၁၂-၇-၂၀၂၃)ရက်နေ့တွင် ကျင်းပရာ  တိုင်းရင်းဆေးပညာဦးစီးဌာနမှူးရုံးမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်သက်စံက ကြီးကြပ်ဆောင်ရွက်၍ တိုင်းရင်းဆေးပညာဦးစီးဌာနသုံး တိုင်းရင်းဆေးဝါးများအား ခင်းကျင်းပြသခြင်း၊ ခရိုင်အတွင်းရှိ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများမှတိုင်းရင်းဆေးဝါးများကိုပြသရောင်းချခြင်းများဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အဆိုပါ ထုတ်ကုန်ပြပွဲနှင့် မိုးရာသီစျေးရောင်းပွဲတော်ကာလမှာ (၁၂-၇-၂၀၂၃)ရက်နေ့မှ (၁၅-၇-၂၀၂၃)ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်းသိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ရခိုင်ပြည်နယ် အမ်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ   မြို့နယ်တိုင်းရင်းဆေးမှူး  ဦးနေဝင်းအောင် သည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ အမ်းမြို့နယ် လုံးကောက်ကျေးရွာတွင်ကွင်းဆင်းဆေးကုသခဲ့ရာလူနာကျား (၃၃) ဦး၊မ (၄၅) ဦး၊စုစုပေါင်းလူနာဦးရေ (၇၈) ဦး တို့အား တိုင်းရင်း​​ဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ရခိုင်ပြည်နယ် သံမာန်အောင်မြို့နယ်တိုင်းရင်းဆေးကုဌာန မှ   မြို့နယ်တိုင်းရင်းဆေးမှူး ဦးမြင့်ဦး သည် ၉-၇-၂၀၂၃ရက်နေ့ တွင် မာန်အောင်မြို့နယ် င / အင်း ကျေးရွာ၌ ကွင်းဆင်းဆေးကုသခဲ့ရာလူနာကျား (၁၀) ဦး၊ မ (၃၀)ဦး ၊စုစုပေါင်း လူနာဦးရေ (၄၀) ဦး တို့အား တိုင်းရင်း​​ဆေးဖြင့်

ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် Continuing Traditional Medicine Education Programme (CTME)  အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၈) ရက်၊ နံနက် (၀၉း၀၀) နာရီက မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ခုတင် (၅၀) ဆံ့ တိုင်းရင်းဆေးရုံတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ အလုပ်အမှုဆောင်၊ တိုင်းဒေသကြီး ဦးစီးဌာနမှူး (ငြိမ်း) ဆရာကြီး ဦးဝင်းမြင့်ဦးက သဘာပတိအဖြစ်ဆောင်ရွက်၍ အခမ်းအနားမှူးအဖြစ် မြို့သစ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ယမင်းသိန်းနှင့် ပေါက်မြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ အထက်တန်းသူနာပြု ဒေါ်သိင်္ဂီဝင်း တို့ကဆောင်ရွက်ကာ တောင်တွင်းကြီးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝေယံမြင့် က ထိပ်ကပ်နာရောဂါ စာတမ်းကို ဖတ်ကြားတင်ပြ ဆွေးနွေးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆ ေးဖက်အသေးဝင် ရောေးဆ ောင်ေးလက်ပပ်ပ
နွေဥတုအခါ နေထိုင်စားသောက်ရမည့်နည်းလမ်းများ
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့