မကွေးတိုင်းဒေသကြီး မကွေးခရိုင် တောင်တွင်းကြီးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၂၂)ကြိမ်မြောက် တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ အကြိုကွင်းဆင်းဆေး ကုသခြင်းကို (၈.၁၂.၂၀၂၃)ရက်နေ့ နေ့လယ်ပိုင်းတွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝေယံမြင့် နှင့်အဖွဲ့သည် ပန်းသွင်းလေးကျေးရွာ အ.မ.က ကျောင်း၌ ကွင်းဆင်းဆေးကုသခဲ့ရာ ကလေး ကျား ၁၃ ဦး ကလေး မ ၁၀ ဦး စုစုပေါင်း ၂၃ ဦးအား အခမဲ့ ဆေးကုသပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။