ကရင်ပြည်နယ် ခုတင်၅၀ဆံ့ ဘားအံတိုင်းရင်းဆေးရုံမှ စဉ်ဆက်မပြတ်တိုင်းရင်းဆေးပညာပေးရေး အစီအစဉ် (C T M E)အခမ်းအနားကို ၂၂-၉-၂၀၂၃ ရက်နေ့တွင် ခုတင်၅၀ဆံ့ဘားအံတိုင်းရင်းဆေးရုံ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှကြီးမှူး ကျင်းပသော စဉ်ဆက်မပြတ်တိုင်းရင်းဆေးပညာပေးရေးအစီအစဉ် (C T M E)အခမ်းအနားကို ၁၉-၉-၂၀၂၃ ရက်နေ့ နေ့လယ် (၁း၀၀) နာရီအချိန်တွင် (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ပုသိမ်မြို့၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် သဘာပတိအဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းဆေးဆရာအသင်းဝင် ဆရာကြီဦးမြင့်ဝေ မှ ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ပုသိမ်မြို့နယ် တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပပဝင်း ကဆောင်ရွက်ခဲ့ပြီး လက်ကပ်ရောဂါစာတမ်းကို မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် တိုင်းရင်းဆေးကုဌာန၊ မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဌေးမှ ဖတ်ကြား၍ တက်ရောက်လာသောဆရာ/ဆရာမများမှ စာတမ်းနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို ညနေ (၃း၀၀) နာရီ အချိန်တွင်ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေး ရေးအစီအစဉ် Continuing Traditional Medicine Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်တိုင်းရင်းဆေးရုံ၌ ပဲခူးတိုင်းဒေသကြီး ဦးစီးဌာနမှုး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၁၆-၉-၂၀၂၃ ရက်နေ့တွင် ညောင်လေးပင်တိုင်းရင်းဆေးရုံ၌ စဥ်ဆက်မပြတ် ပညာပေးရေးအစီအစဥ် (CTME) အခမ်းအနားကိုပြုလုပ်ရာ သဘာပတိအဖြစ် ဒုတိယဆေးရုံအုပ် ဒေါ်ရီရီဝင်းမှ ဆောင်ရွက်ပြီး အခမ်းအနားမှုးအဖြစ် အကြီးတန်းစာရေး ဒေါ်ခိုင်သဇင်ဦးမှ ဆောင်ရွက်ကာ လက်ကပ်ရောဂါစာတမ်းအား ရွှေကျင်မြို့နယ် တိုင်းရင်းဆေးမှုး ကိုယ်စား ဒုတိယတိုင်းရင်းဆေးမှုး ဒေါ်ခင်ထွန်းဦးမှ ဖတ်ကြားတင်ပြခဲ့ပြီး အခမ်းအနားသို့ တက်ရောက်သူ ဦးရေမှာ (၁၅) ဦး ရှိပါကြောင်း သိရှိရသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့တွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေး ရေးအစီအစဉ် Continuing Traditional Medicine Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံတိုင်းဆေးဆရာအသင်း မကွေးတိုင်းဒေသကြီး တိုင်ရင်းဆေးဆရာအသင်းခွဲ၊ ဥက္ကဋ္ဌ ဒေါ်တင်တင်အောင်မှ သဘာပတိအဖြစ်ဆောင်ရွက်၍ အခမ်းအနားမှူးအဖြစ် မကွေး မြို့ ခုတင်(၅၀) ဆံ့တိုင်းရင်းဆေးရုံမှ လ/ထ တိုင်းရင်းဆေးမှူး ဒေါ်စန္ဒာဝင်းနှင့်လ/ထတိုင်းရင်ဆေးမှူး ဒေါ်သက်ခိုင်ဝင်း ဆောင်ရွက်ကြကာ မကွေးမြို့ ခုတင်(၅၀) ဆံ့တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်စောပြည့်မွန်က လက်ကပ်ရောဂါ စာတမ်းကို ဖတ်ကြားတင်ပြ ဆွေးနွေးခဲ့ပါသည်။
အခမ်းအနားသို့ မကွေးမြို့ ခုတင်(၅၀) ဆံ့ တိုင်ရင်းဆေးရုံ၊ ပခုက္ကူမြို့ ( ၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၊ မကွေး ၊ မင်းဘူး၊ မင်းလှ၊ ရေနံချောင်း၊ ချောက်၊ အောင်လံ၊ စလင်း၊ ပွင့်ဖြူ၊ ဆင်ပေါင်ဝဲ၊ မိချောင်းရဲ၊ မြို့သစ်၊ နတ်မောက်၊တောင်တွင်းကြီးမှ မြို့နယ်တိုင်းရင်းဆေးကုဌာနများ၊ သရက်၊ ပခုက္ကူ ၊ မကွေး၊ မင်းဘူး မှ ခရိုင်တိုင်းရင်းဆေးကုဌာနများ၊ တိုင်းရင်းဆေးဆရာအသင်းဆရာ/ဆရာမများက ဆွေးနွေးခဲ့ကြပြီး တက်ရောက်သူ စုစုပေါင်း(၄၅) ဦး တက်ရောက်ပြီး အခမ်းအနားကို နံနက်(၁၁း၀၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းရင်းဆေးတက္ကသိုလ်မှ ကွင်းဆင်းဆေးကုသခြင်းနှင့် သုတေသနစစ်တမ်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်
Tue , Sep 12 2023 - 08 amတိုင်းရင်းဆေးတက္ကသိုလ်မှ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်းနှင့် ဆေးပညာဌာန ပါမောက္ခ/ ဌာနမှူး ပါမောက္ခဌေးလွင်၊ သုတေသနဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်တာရာမြင့်တို့ ဦးဆောင်၍ ဌာနအသီးသီးမှ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများသည် ၁၀-၉-၂၀၂၃ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာအုပ်စု၊ သုံးတောင်ကျေးရွာ၊ ကျောက်ဖျာဒိုးကျေးရွာ၊ ကျင်ဂနိုင် ကျေးရွာများ၌ စတုတ္ထနှစ်ကျောင်းသား/ကျောင်းသူများအတွက် သင်ရိုးညွှန်းတမ်းပါ အတိုင်း ကွင်းဆင်း ဆေးကုသခြင်း၊ ပြည်သူ့ဘဝလေ့လာရေးသုတေသန စစ်တမ်းကောက်ယူခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး မန္တလေးတိုင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်တိုင်းရင်းဆေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က လိုအပ်သည်များ ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရာ လူနာ (၁၃၀)ဦးကို ဆေးကုသပေးနိုင်ခဲ့ပြီး လိုအပ်သောဆေးဝါးများကို တိုင်းရင်းဆေးဝါး စက်ရုံ( မန္တလေး)မှ ပံ့ပိုးပေးခဲ့ကြောင်းသိရသည်။