ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှကြီးမှူးကျင်းပသော စဉ်ဆက်မပြတ် တိုင်းရင်းဆေးပညာ ပေးရေးအစီအစဉ် (CTME)ကို ၂၂-၃-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁း၀၀)နာရီအချိန်တွင် (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၊ ပုသိမ်မြို့၌ ကျင်းပပြုလုပ်ရာ သဘာပတိအဖြစ် ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်းမှ ဆရာကြီးဦးသိန်းထွန်းဝင်းက ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ပုသိမ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပပဝင်းမှဆောင်ရွက်ခဲ့ပါသည်။
အခမ်းအနားတွင် မီးယပ်ဖြူဆင်းရောဂါစာတမ်းကို (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ၊ ကျုံပျော်မြို့မှ ဒုတိယ တိုင်းရင်းဆေးမှူး ဒေါ်ယုယုကြွယ်မှ ဖတ်ကြားခဲ့ပြီး တက်ရောက်လာသော ဆရာ/ဆရာမများမှ စာတမ်းနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးကြပါသည်။
အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်းဝင်များ ခရိုင်၊ မြို့နယ် တိုင်းရင်းဆေး ကုဌာနမှ ဆရာ၊ဆရာမများစုစုပေါင်း(၄၅)ဦးခန့်တက်ရောက်ခဲ့ပြီး အခမ်းအနားကို ညနေ(၃:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။