the republic of the union of myanmar

ministry of health

Department of Traditional Medicine

Latest news

ဆောင်ရွက်ချက်များ

တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် Continuing Traditional Medicine Education Programme (CTME)  အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၈) ရက်၊ နံနက် (၀၉း၀၀) နာရီက မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ခုတင် (၅၀) ဆံ့ တိုင်းရင်းဆေးရုံတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ အလုပ်အမှုဆောင်၊ တိုင်းဒေသကြီး ဦးစီးဌာနမှူး (ငြိမ်း) ဆရာကြီး ဦးဝင်းမြင့်ဦးက သဘာပတိအဖြစ်ဆောင်ရွက်၍ အခမ်းအနားမှူးအဖြစ် မြို့သစ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ယမင်းသိန်းနှင့် ပေါက်မြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ အထက်တန်းသူနာပြု ဒေါ်သိင်္ဂီဝင်း တို့ကဆောင်ရွက်ကာ တောင်တွင်းကြီးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝေယံမြင့် က ထိပ်ကပ်နာရောဂါ စာတမ်းကို ဖတ်ကြားတင်ပြ ဆွေးနွေးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါ

ရခိုင်ပြည်နယ် ကျောက်တော်မြို့ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံနှင့် မြိုနယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်းပြီး ၈-၇-၂၀၂၃ ရက်နေ့တွင်  ကျောက်တော်မြို့ ပိုက်သည်(မူ)အုပ်စုကျေးရွာ၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ လူနာကျား(၃၆)ဦး၊ မ(၇၅)ဦး၊ လူနာ စုစုပေါင်း (၁၁၁)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်းနှင့် ကုသရန်ကျန်ရှိနေသည့် လူနာများအား ၉-၇-၂၀၂၃ ရက်နေ့တွင် အဆိုပါနေရာ၌ ဆက်လက် ဆေးကုသမှုပေးသွားမည်ဖြစ်ကြောင်း သိရ