the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ စဉ်ဆက်မပြတ် တိုင်းရင်းဆေးပညာပေးရေးအစီအစဉ် (CTME) အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ စဉ်ဆက်မပြတ် တိုင်းရင်းဆေးပညာပေးရေးအစီအစဉ် (CTME) ကို (၂၂-၇-၂၀၂၄)ရက်နေ့၊ နေ့လည်(၁:၀၀) နာရီအချိန်တွင်  တိုင်းဒေသကြီးဦးစီးဌာနမှုးရုံး၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် သဘာပတိအဖြစ် တိုင်းရင်းဆေးကောင်စီ‌ဝင် ဆရာကြီးဦးသိန်းဝင်းက ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ပန်းတနော်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဇာဇာ‌အေးက ဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားတွင် အဆစ်ရောင်ရောဂါစာတမ်းကို မအူပင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးဇော်လင်းမှ  ဖတ်ကြားတင်ပြပြီး တက်‌ရောက်လာသောဆရာ၊ဆရာမများက စာတမ်းနှင့်ပတ်သက်၍ မေးမြန်း ဆွေးနွေး အကြံပြုကြပါသည်။

အဆိုပါ အခမ်းအနားသို့ တိုင်းရင်းဆေးဆရာအသင်းဝင်များနှင့်တိုင်း/ခရိုင်/မြို့နယ်များမှ ဆရာ၊ဆရာမများ စုစုပေါင်း(၅၅)ဦး ခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားကို နေ့လည် (၂:၃၀)နာရီ အချိန် တွင် ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ