အဆိုပါအခမ်းအနားတွင် တိုင်းရင်းဆေးဝါးလုပ်ငန်းစက်ရုံမှူး(ငြိမ်း) ဆရာကြီး ဦးအောင်ကျော်မင်းက သဘာပတိအဖြစ် ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် လက်ထောက် တိုင်းရင်းဆေးမှူး ဒေါ်ဖြိုးဖြိုးဝေက ဆောင်ရွက်ခဲ့ပါသည်။ ခုတင် ၅၀ ဆံ့ တိုင်းရင်းဆေးရုံ အေးသာယာမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ထက်ထက်ဖြိုးက အဆစ်ရောင်ရောဂါစာတမ်းအား ဖတ်ကြားခဲ့ပါ သည်။ အခမ်းအနားသို့ ရှမ်းပြည်နယ်ဦးစီးမှူးနှင့် ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီး ခရိုင်နှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနများ(တောင်ကြီး၊အောင်ပန်း၊နမ့်စန်၊)၊ လားရှိုးခရိုင်ဦးစီးမှူး နှင့်အတူ လားရှိုးဆေးရုံမှ ဒုတိုင်းရင်းဆေးမှူး၊ သီပေါမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာမများ နှင့် စိတ်ပါဝင်စားသူ ၄၇ ဦး တက်ရောက်ပြီး စာတမ်းနှင့်ပတ်သက်၍ သိလိုသည်များမေးမြန်း ဆွေးနွေးကြပြီး အခမ်းအနားကို ၁၀ ၃၀ နာရီတွင် ရုတ်သိမ်းကြောင်း သိရသည်။