the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကျောက်ပန်းတောင်းခရိုင် တိုင်းရင်းဆေးကုဌာနနှင့် ဆည်ပေါက်ပရဆေးဥယျာဥ်တို့ကို သွားရောက်ကြည့်ရှု

တိုင်းရင်းဆေးပညာဦးစီးဌာန ဆေးဝါးနှင့်ဥယျာဉ်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာမြင့်မြင့်သန်း နှင့် သုတေသနဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကြည်ကြည်ဦးတို့သည် ၂၁-၃-၂၀၂၄ ရက်နေ့တွင် ကျောက်ပန်းတောင်းခရိုင် တိုင်းရင်းဆေးကုဌာနနှင့် ဆည်ပေါက်ပရဆေးဥယျာဥ်တို့ကို ဝင်ရောက်ကြည့်ရှုပြီး လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ၂၂-၃-၂၀၂၄ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ဦးစီးဌာနမှူးရုံး၊ အောင်​မြေသာစံမြို့နယ် တိုင်းရင်းဆေးကုဌာနနှင့် မန္တလေးခရိုင် တိုင်းရင်းဆေးကုဌာနတို့ကို လာရောက်ကြည့်ရှုပြီးဝန်ထမ်းများနှင့်တွေ့ဆုံကာလိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ပြီး ၂၃-၃-၂၀၂၄ ရက်နေ့ တွင် ပြင်ဦးလွင်ခရိုင် ဦးစီးဌာနမှူးရုံး၊ ဖောင်းတောပရဆေးဥယျာဥ်၊ ပြင်ဦးလွင်မြို့နယ် တိုင်းရင်းဆေး ကုဌာနတို့ကို သွားရောက်ကြည့်ရှုပြီး ဝန်ထမ်းများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ