the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကရင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန ခုတင်(၅၀)ဆံ့ ဘားအံ တိုင်းရင်းဆေးရုံတွင် CTME တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် ကျင်းပ

ကရင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန ခုတင် (၅၀)ဆံ့ ဘားအံ တိုင်းရင်း ဆေးရုံတွင် တပေါင်းလပြည့်နေ့ တိုင်းရင်းဆေးသမားတော်များနေ့ အခမ်းအနားနှင့်အတူ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။ ၎င်းအစီအစဉ်တွင်သဘာပတိအဖြစ် ပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှူး(ငြိမ်း) ဆရာကြီးဦးဇော်ဝင်းမှ ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ဒေါ်နန်းနွယ်လွင် သူနာပြု(၃)တို့က ဆောင်ရွက်ခဲ့ပါသည်။ ပထမပိုင်းအစီအစဉ်အနေဖြင့် တိုင်းရင်းဆေး ပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ်ကိုဆောင်ရွက်ရာ ခုတင် (၅၀) ဆံ့ ဘားအံ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူးဒေါ်အိသက်မွန်က မီးယပ်ဖြူ ဆင်းခြင်းရောဂါ စာတမ်းအား ဖတ်ကြားပြီးတက်ရောက်လာကြသော ပြည်နယ်/ခရိုင် ဆေးရုံ မြို့နယ်တို့မှ ဆရာ/ဆရာမများနှင့် ပြင်ပမှတက်ရောက်လာကြသော တိုင်းရင်းဆေးဆရာ ဆရာမကြီး များမှဝိုင်းဝန်းဆွေးနွေးကြပါသည်။

ဒုတိယပိုင်းအနေဖြင့် တပေါင်းလပြည့်နေ့ တိုင်းရင်းဆေးသမားတော်များနေ့ အခမ်းအနားအားဆက်လက်ကျင်းပ၍ သမားတော်များကြီးများ၏ ဂုဏ်ပြုကျေးဇူး ပူဇော်လွှာကို ခုတင်(၅၀)ဆံ့ ဘားအံတိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ကေဇင်စိုးက ဖတ်ကြားခဲ့ပြီး သက်ကြီးဆရာကြီးများအား ပူဇော်ကန်တော့၍ အခမ်းအနားသို့ တက်ရောက်သူဦးရေ (၂၉) ဦး ရှိကြောင်း သိရှိရသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ